Thursday, August 16, 2012

ပုသိမ်တွင် ရေကြီး၍ ကျောင်း ၄၁ ကျောင်းပိတ်ထားရ

Posted by drmyochit Thursday, August 16, 2012, under | No comments



ရေကြီးဒဏ် ခံနေရသော ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှ စာသင်ကျောင်း ၄၁ ကျောင်းကို ဗုဒ္ဒဟူးနေ့မှ စတင်၍ ရက်အကန့် အသတ်မရှိ ပိတ်လိုက်သည်ဟု မြို့နယ် ပညာရေးမှုး ဦးကြင်သောင်းက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောသည်။
 “ကျောင်းကို ရေထဲက ဖြတ်လာရ တာဆိုတော့ ကလေးတွေမှာ အန္တရာယ်ရှိ နိုင်တာရယ်၊ လှေနဲ့လာရတဲ့ ကုန်ကျစရိတ်တွေ များလာနိုင်တယ်” ဟု သူက ပြောသည်။ ပိတ်လိုက်ရသော ကျောင်းအများ စုသည် မူလတန်း ကျောင်းများ ဖြစ်ကြပြီး အထက်တန်းနှင့် အလယ်တန်းကျောင်း ငါးကျောင်းခန့်လည်း ပါဝင်သည်ဟု အဆိုပါ မြို့နယ်ပညာ ရေးမှုးက ဆိုသည်။ ပုသိမ်မြို့ခံများ၏ အဆိုအရ ကျောင်းများကို မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်မည်ကို မကြေငြာထားဘဲ ရက်အကန့် အသတ်မရှိ ပိတ်လိုက်ခြင်း ဖြစ်ပြီး ကျောင်းပြန် ဖွင့်မည့်နေ့ကို ရပ်ကွက်အုပ်ချုပ် ရေးမှုးများက ပြန်လည်ကြေငြာ ပေးမည်ဟု သိရသည်။ ပုသိမ်မြို့နယ် တွင်ရပ်ကွက် ၁၅ ခုရှိ သည့်အနက် ရပ်ကွက် သုံးခု လောက်သာ ရေဘေးမှ လွတ်ကြောင်း ယင်းမြို့တွင် ရေဘေးကယ် ဆယ်ရေး ဆောင်ရွက် နေသည့် ကိုသက်နောင် က မဇ္ဈိမကို ပြောသည်။ ပုသိမ်မြို့နယ် ပညာရေးမှုး ဦးကြင်သောင်းက ဒေသ အခြေအနေအရ ကျောင်းများကို ပိတ်ထားရ သော်လည်း ကျောင်းတက် နောက်ကျသွားသည့် ကျောင်းသားများကို ပြန်လည် စာသင်ကြားသည့် အစီ အစဉ်ရှိပြီး ဖြစ်သည်ဟု ဆိုသည်။ ပုသိမ်မြို့၏ မြေနိမ့်သော ရပ်ကွက်များရှိ နေအိမ်များသည် ရေနစ်မြုပ်မှု ကြုံတွေ့လာ နေရကြောင်း ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူ ကိုသက်နောင် က ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်