Thursday, August 16, 2012

မင်းတပ်မြို့နယ်ထိန်းရဲများလူရမ်းကားတွေကို ကူညီ

Posted by drmyochit Thursday, August 16, 2012, under | No comments


 

ချင်းပြည်နယ် တောင်ပိုင်ခရိုင်မြို့ ဖြစ်သော မင်းတပ်မြို့အတွင်း သြဂုတ်လ ၁ ရက်နေ့က လူနာ ၅ ဦးအား ဓါးဖြင့် ခုတ်သတ်ရန် ကြံရွယ်သည့် တိုင်တန်းချက်ကို ရဲက အရေးမယူသည့် အပြင် လူရမ်းကား များအား လှို့ဝှက် ကူ ညီနေကြောင်း သိရသည်။ ဖြစ်စဉ် အသေးစိပ်မှာ ရွှေထန်းဆို သူ ဦးဆောင် သည့်အဖွဲ့သည် မင်းတပ်မြို့ပြည်သူ့ေ ဆး  ရုံသို့ ည ၇ နာရီခန့် တွင် ၀င်လာကြပြီး အတွင်းလူနာ ၅ ဦးကို ဓါးဖြင့် ခုတ်သတ်ရန် ကြံစည်ခဲ့ကြောင်း၊ သို့သော် ဆေးရုံ ၀န်ထမ်း များက အချိန်မှီဖမ်းထိန်း နိုင်ခဲ့သော ကြောင့်သာ လူနာများ အသက်ဘေးမှ  လွတ်သွားကြောင်း တာဝန်ကျ ဆေးဆရာမ က ပြောသည်။


 ဆေးရုံတာဝန် ရှိများသည် အဆိုပါ ဖြစ်ရပ်ကြောင့် သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားခဲ့သော် လည်း သက်ဆိုင်ရာက အရေးမယူသည့် အပြင် နယ်ထိန်း ငိုင်မန်းနှင့် အဖွဲ့သည် လူဆိုးများ အား အရေးယူ ဖမ်းဆီး ခြင်း မလုပ်သည့် အပြင် လူဆိုးတွေကို ကွယ်ရာတွင် ၀ှက်ထားကြောင်း ဆိုသည်။ ယင်းကိစ္စကြောင့် အမှုဖြစ်စဉ်တွင် လူဆိုးများကို ဖမ်းထိန်းခဲ့သည့် ဆေးရုံတာဝန် ကျများသည် မင်းတပ်မြို့ တွင်မနေရဲပဲ နယ်ရပ်သို့ ပြန်ရန်စီ စဉ်နေကြောင်း၊ ထို့အပြင် လူနာ၏ ဆွေမျိုးများ သည် အိမ်တွင်မနေ ရဲတော့ပဲ ဆွေမျိုးများအိမ်တွင် ပုန်းနေရကြောင်းလည်း ထပ်မံဆိုသည်။ “ အတိတ်က အညှိုးအတေး တွေရှိတာမရှိတာ ကျမအလုပ် မဟုတ်ဘူး၊ ဘာမှ မလုပ်နိုင်တဲ့ ကျမတို့ရဲ့ အတွင်း လူနာတွေကို အခုလို အခွင့်ကောင်းယူပြီး သတ်ဖို့ကြံရွယ်တာဟာ အင်မတန် ယုတ်မာတဲ့လုပ်ရပ်ပါ” ဟု ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်