Thursday, August 16, 2012

ရုရှားရေတပ်အား နျူကလီးယား လက်နက်များဖြင့် အဆင့်မြှင့်သွားမည်

Posted by drmyochit Thursday, August 16, 2012, under | No comments




တိုင်းပြည် လုံခြုံရေးအတွက် ရေတပ်ကို နျူကလီးယား လက်နက်များဖြင့် အဆင့်မြှင့်တင်ပြီး၊ မဟာအင်အားကြီးနိုင်ငံ ဖြစ်အောင် စွမ်းဆောင် သွားမည်ဟု ရုရှားသမ္မတ ဗလာ ဒီမာပူတင်က ဇူလိုင်လ၊ ၃၀ ရက်မှာ အတည်ပြု ပြောကြား သွားသည်။
ရုရှား အကျိုးစီးပွားအတွက် အားထား နေရသည့် အာတိတ် ရေနံရင်းမြစ် များ အား ကာကွယ်သွားရန် ရုရှားသမ္မတ ဗလာဒီမာ ၏ နာမည်ကို အစွဲပြု မှည့်ထားသည့် မင်းသားကြီး ဗလာဒီမာ ဆိုသော ရေငုပ်သင်္ဘောအား တည်ဆောက်ခြင်း အခမ်းအနားမှာ ပူတင်က ယင်းသို့ ပြောကြား သွားခြင်း ဖြစ်သည်။ အဆိုပါ ရေယာဉ်မှာ နောက်ဆုံးပေါ် နည်းပညာများဖြင် တီထွင်ထားသည့် ခေတ်မီ တိုက်ချင်းပစ်ဒုံး လက်နက်များအား တပ်ဆင် ထားသည်။ ယင်းစီမံကိန်းများ အတွက် ရုရှားရူဘယ် ထရီလျံ ၂၀ (အမေရိကန်ဒေါ်လာ ၆၂၁.၃၁ ဘီလျံ) အား ဆယ်စုနှစ် တစ်ခုစာ လျာထားသည်ဟု သိရသည်။ အဆိုပါ ကာကွယ်ရေး စရိတ်အတွက် ရုရှား ရူဘယ်ဘီလျံ ၂၀၀ မှ ၃၀၀ အထိ နှစ်စဉ် သုံးစွဲသွား ရန် နိုင်ငံတော် ဘဏ်များအား ညွှန်ကြားထား ပြီးဖြစ်ကြောင်း ရုရှား ဒုကာကွယ်ရေး ဝန်ကြီးကဆိုသည်။ စစ်အေး ကာလတုန်းက အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့က လက်ဝဲနှင့်လက်ယာ အယူအဆ တိုက်ပွဲများကြားမှာ အားပြိုင် ခဲ့ကြသလို၊ လက်ရှိ အချိန်မှာလည်း ရုရှားက အမေရိကန် ပြည်ထောင်စုအား စစ်အင်အား ပြလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေးသု တေသီများက သုံးသပ် ထားကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်