Thursday, August 16, 2012

ကုလား... ကုလား

Posted by drmyochit Thursday, August 16, 2012, under | No comments


ကုလား...ကုလား...နဲ့ ခေါ်နေကြတာတော့ အားလုံးနား ယဉ်နေပြီ ထင်ပါတယ်။ အဓိပ္ပါယ်က အသားပဲ မဲလို့များလား၊ နှာခေါင်းပဲ ချွန်လို့လေ လားဆိုပြီး သို့လော သို့လော ဖြစ်နေ ကြလိမ့်မယ်။ နှစ်ခုစလုံး မဟုတ်ပါဘူး။ သက်တမ်းရင့် နေပြီဖြစ်တဲ့ ပါဠိဘာသာ စကားမှာ ''ကုလ'' ဆိုတဲ့ဝေါဟာရ တစ်ခုရှိတယ်။ အမျိုးဇာတ် ကိုပြောတာ။ ဒီတော့ ''ကုလား''ဆိုတာ အမျိုးဇာတ်ရှိသူလို့ အတိအကျဖွင့် ဆိုနိုင်တယ်ဗျ။ အမျိုးဇာတ်ခွဲတဲ့ လူမျိုးတွေ အချို့တိုင်းပြည် တွေမှာရှိတယ်။ အချို့ဘာသာတွေမှာ ရှိတယ်။ ဘုရားခေတ် ကလည်းရှိခဲ့တယ်။ အမျိုးဇာတ် မတူတဲ့သူနဲ့ အိမ်ထောင်ပြုတာတို့၊ အချို့ဆို ခေါ်ပြောဆက်ဆံ တာတို့တောင် ခွင့်မပြုကြတဲ့ အထိရှိတယ်။ အမျိုးဇာတ်ရှိ တဲ့သူမျိုး တွေကိုသာ ကုလားလို့ ခေါ်ဆိုခွင့်ရှိတယ်။
            အမျိုးဇာတ်ခြား တယ်ဆိုတာ မျိုးနွယ်မ တူတာကို ပြောတာတော့ မဟုတ်ဘူးနော်။ အဲ့ဒါနဲ့လည်း မှားနေဦးမယ်။ မြန်မာရှေး ဟောင်းစာပေမှာ ကုလားဆိုတာ သုံးနှုန်းခဲ့တယ်။ အနောက်ဘက် တိုင်းပြည်တွေကို ကုလားပြည် လို့ခေါ်တယ်။  ကုလားပန်တျာသည် (ကုလားကချေသည်) တွေထားတယ်။ ကုလားဆိုတဲ့ ဝေါဟာရကို ကျောက်စာမှာပါ ထည့်ရေးထားတယ်။ ကိုလိုနီ ခေတ်ကထုတ်တဲ့ ဝတ္ထုတွေမှာဆိုလည်း ကုလား၊ ကုလားမဆိုတာ တရားဝင် ရေးထားတယ်။ ''ငဘ''ဝတ္ထုမှာဆိုလည်း ကုလားဟော်ရီးဆိုပြီး နာမည်ရှေ့မှာတောင် ကုလားဆိုတဲ့ ဂုဏ်ပုဒ်ထည့်ထားတယ်။ ကိုယ်တိုင်တောင် ကုလား ဆိုတဲ့ ဝေါဟာရကို မြိန်ရည်ယှက် ရည်ပြောကြတယ်။ သမိုင်းမှာ ဒီလိုတွေ့ရတာလေး ပြောတာပါ။              အခု ရိုဟင်ဂျာ ဆိုတဲ့သူတွေ၊ မွတ်စလင် တွေဟာ ကုလားဆိုတာကို လက်မခံဘူး။ ဒီတော့ တစ်ချိန် တုန်းက ဗမာပြည်ထဲ မှာရှိခဲ့တဲ့ ကုလားတွေ မဟုတ်တာတော့ သေချာတယ်။ ပုံမှားရိုက်သွားတာ(ဃသူသကမ နည်းနည်း       ဆင်တူပြီး Resolution လေး မတိမ်းမယိမ်းဖြစ်နေလို့) မခံလိုက်ရစေချင်လို့ပါ။ ရိုးသားသူရှာ ဖွေတွေ့ရှိနိုင်ပါစေ။

ဒီပ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်