Sunday, August 19, 2012

ရခိုင်ပြည်နယ်အရေး သမ္မတဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့သဘောထားအမြင်များ

Posted by drmyochit Sunday, August 19, 2012, under | No comments


သမ္မတ ဦးသိန်းစိန် ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးေ ရးေ က်ာမရှင်မှာ ခရစ်ယန်နဲ့ အစ္စ လမ် ဘာသာက ခေါင်းေ ဆာင်တွေပါသလို နိုင်ငံရေး လူမှုရေးစီးပွားရေး သတင်းစာန ယ်ဇင်းနဲ့ အနုပညာ အသိုင်း အ၀ိုင်းက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ခဲ့တဲ့ အသိုင်းအ ၀ိုင်းနှစ်ဘက်ကြားပဋိပက္ခ အခြေအနေတွေ တင်းမာနေဆဲဖြစ် တာကြောင့် အခုလို သမ္မတညွန်ကြားချက်နဲ့ ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ေ က်ာမရှင်ဖွဲ့စည်းလိုက်တာကိုကြိုဆိုကြောင်း အဖွဲ့ဝင် မြန်မာမူဆ လင်လူငယ် များအဖွဲ့ဥက္ကဌ ဟာဂျီဦးမြင့်ထွန်း ကပြောပါတယ်။


အခုလို ပြည်တွင်းအလွာပေါင်းစုံက သမာသမတ်ရှိတဲ့သူတွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မရှင်အနေနဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ထက်ပိုပြီးအချက်အလက်တွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မယ်လို့ အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကဆိုပါတယ်။စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက်ရမယ့် တာဝန်တွေထဲမှာ ရခိုင်ပြည်နယ်မှာ ကွဲပြားတဲ့ ဘာသာအယူဝါဒရှိသူ မတူညီတဲ့ လူမျိုးစုတွေအကြားငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်တဲ့နည်းလမ်းတွေကိုလည်း စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စမှာ အဓိက အငြင်းပွားစရာဖြစ်နေတဲ့ ရိုဟင်ဂျာ ကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံနေရတဲ့ ၁၉၅၀ခုနှစ် တ၀ိုက် ဖဆပလအစိုးရ ၀န်ကြီးချုပ်ဟောင်း ဦးနုလက်ထက်ကအခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ဦးနုသမီးဖြစ်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုကတော့ သမိုင်းအ ထောက်အထား နဲ့တကွအ သေအချာစုံစမ်းဖို့လိုတယ်လို့ပြောပါတယ်။

တဖက်မှာလည်း စုံစမ်းစစ်ရေးကော်မရှင်အနေနဲ့ အချိန် တစ်လပဲရရှိတာကြောင့် နိုင်ငံတော် အစိုးရရဲ့ပံပိုး မှုလိုအပ်တယ်လို့ ဦးအေးသာအောင်ကပြောပါတယ်။ ဒေသခံရခိုင်ပြည်သူတွေကတော့ သမ္မတရဲ့ စုံစမ်းစစ်ဆေး ရေးကော် မရှင်အနေနဲ့ အချိန်တလအတွင်း မှန်မှန်ကန်ကန် အချက်အလက်တွေကို မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ စုံစမ်းရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောဆိုနေကြပါတယ်။

From -RFA 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်