Sunday, August 19, 2012

လျှပ်စစ်သုံး စွဲမှုမှန် ကန်စေရေး ဒစ်ဂျစ် တယ်မီတာ တစ်သိန်းချပေးမည်

Posted by drmyochit Sunday, August 19, 2012, under | No comments

လျှပ်စစ်သုံးစွဲမှုမှန်ကန်စေရေး ဒစ်ဂျစ်တယ်မီတာ တစ်သိန်းချပေးမည်

၁၈ သြဂုတ်လ ၂၀၁၂

လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှတမှန်ကန်စေရေး အတွက် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဒစ်ဂျစ်တယ်မီတာအလုံးရေ တစ်သိန်းကို နေရာဒေသ

အလိုက် ခွဲဝေတပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်မီတာကို ရန်ကုန်မြို့ စက်မှုဇုန်များနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများသည့် ရပ်ကွက်များကို အလုံးရေ ၅ဝဝဝဝ တပ်ဆင်မည်ဖြစ် ပြီးကျန် ၅ဝဝဝဝ ကို မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ဝေ တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများ အမှန်

တကယ် လိုက်လံဖတ်ရှုခြင်းမရှိ၍ ဖြစ်ပေါ်လာသော ပြဿနာများနှင့် မသမာသော နည်းလမ်းဖြင့် မီတာခိုးယူသုံးစွဲခြင်းများကို ပပျောက်စေကာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်သုံးစွဲသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်

ဖြစ်သည်။ ယခင်က မီတာဖတ်ဝန်ထမ်းက မီတာမဖတ်ဘဲ မှန်းပြီးပိုရေးလျှင် သုံးစွဲသူထိခိုက်ပြီး လျှော့ရေးလျှင် နိုင်ငံတော်ဝင်ငွေ ထိခိုက် နိုင်ကြောင်း၊ ယခုကဲ့သို့ ဒစ်ဂျစ်တယ် မီတာပြောင်းလဲ တပ်ဆင်လိုက်ခြင်းဖြင့် မှန်ကန်

မျှတမှုရှိလာပြီး နိုင်ငံတော်ဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှသိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု မျှတမှန်ကန်စေရေး အတွက် အမှတ်(၂) လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ ယခု ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွင်း ဒစ်ဂျစ်တယ်မီတာအလုံးရေ တစ်သိန်းကို နေရာဒေသအလိုက် ခွဲဝေ တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်မီတာကို ရန်ကုန်မြို့ စက်မှုဇုန်များနှင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများသည့် ရပ်ကွက်များကို အလုံးရေ ၅ဝဝဝဝ တပ်ဆင်မည်ဖြစ် ပြီးကျန် ၅ဝဝဝဝ ကို မန္တလေးနှင့် နေပြည်တော်သို့ ဖြန့်ဝေ တပ်ဆင်သွား မည်ဖြစ်ကြောင်း သိရသည်။
ဒစ်ဂျစ်တယ်မီတာ ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မီတာဖတ်သူများ အမှန်တကယ် လိုက်လံ ဖတ်ရှုခြင်းမရှိ၍ ဖြစ်ပေါ်လာသော ပြဿနာများနှင့် မသမာသော နည်းလမ်းဖြင့် မီတာခိုးယူသုံးစွဲခြင်းများကို ပပျောက်စေကာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့်သုံးစွဲသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်သည်။ ယခင်က မီတာဖတ်ဝန်ထမ်းက မီတာမဖတ်ဘဲ မှန်းပြီးပိုရေးလျှင် သုံးစွဲသူထိခိုက်ပြီး လျှော့ရေးလျှင် နိုင်ငံတော်ဝင်ငွေ ထိခိုက် နိုင်ကြောင်း၊ ယခုကဲ့သို့ ဒစ်ဂျစ်တယ် မီတာပြောင်းလဲ တပ်ဆင်လိုက်ခြင်းဖြင့် မှန်ကန်မျှတမှုရှိလာပြီး နိုင်ငံတော်ဝင်ငွေ တိုးပွားလာမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဌာနမှသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်