Sunday, August 19, 2012

သီလဝါ အထူးစီးပွားရေးဇုန်ကို အများပိုင်ကုမ္ပဏီဖြင့် အကောင်အထည်ဖော်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments


From:ခေတ်လူငယ်

ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့နယ်၌ တည်ထောင်မည့် သီလဝါ အထူးစီးပွားရေးဇုန်ကို ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UNFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က သြဂုတ်လ ၁၃ ရက်နေ့က ပြောသည်။ ဂျပန်နှင့် မြန်မာဖက်စပ် အကောင်အထည်ဖော်မည့် အဆိုပါဇုန်အတွက် မြန်မာဘက်မှ အများပိုင်ကုမ္ပဏီအနေဖြင့် ပါဝင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံဘက်မှလည်း ကုမ္ပဏီအများ ဖက် စပ်အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၄င်းကပြောသည်။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း စတုရန်းဟက်တာ ၂၄၀၀ လုံးကို အကောင်အထည်ဖော်မှာပါ။ ဂျပန်နဲ့ မြန်မာနိုင်ငံ အစိုးရတို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဂျပန်ဘက်ကလည်း ကုမ္ပဏီအများစုစည်း၍ လုပ်ငန်းအကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပြီး အ များရဲ့ထည့်ဝင်မှုနဲ့ ဆောင်ရွက်မယ်ဟု ၄င်းကပြောသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်၊ စင်ကာပူနဲ့ မလေးရှားကုမ္ပဏီများက အစီအစဉ် အဆိုပြုချက်များ တင်ပြကာ မြေများဝယ်ယူထားသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် မြေပိုင်ဆိုင်မှုမှာ နိုင်ငံတော်၏ လက်ထဲတွင် ရှိကြောင်းလည်း ဦးဝင်းအောင်က ပြောသည်။အခု ဘယ်လိုလုပ်မယ်ဆိုတာတွေ အစပျိုး အကောင် အထည်ဖော်နေပါပြီ။ အများပြည်သူကို ရှယ်ယာခေါ်ဖို့အတွက် project plan တို့ feasibility study တို့လုပ်ဖို့ လိုတဲ့အတွက် အဲဒါတွေ စလုပ်နေပါပြီ။ ဒီနှစ်ကုန်လောက်မှာ ရှယ်ယာစခေါ်နိုင်ဖို့ မှန်းထားတယ်ဟု ၄င်းက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်