Sunday, August 19, 2012

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

Posted by drmyochit Sunday, August 19, 2012, under | No comments



ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခ န်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီး မီးက The Voice Weekly သို့ ပြောကြားသည်။ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်


ရဲစခန်းက စာရော က်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်


Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်


အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်