Saturday, August 18, 2012

ရှီးယားမွတ်စလင် ခရီးသည် ၁၉ ဦးကို ပစ်ခတ်သတ်ဖြတ်

Posted by drmyochit Saturday, August 18, 2012, under | No comments


ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ကြာသပတေးနေ့က ဘတ်စ်ကားတစ်စီးကို လက်နက်ကိုင်သမားတွေက ရပ်တန့်ပစ်ခတ်ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေပြောစကားအရ သိရှိရပါတယ်။ လူ နည်းစု ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ ဆူနီမွတ်စလင်လူများစုနေထိုင်တဲ့ အစ္စလာမ်မာဘတ်မြို့ မြောက်ဘက်က တောတောင်ထူထပ်တဲ့ မန်ဆရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့ သေနတ်ကိုင်သမား ၄၀ လောက်ဟာ ဘတ်စ် ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး သူတို့ရဲ့ ID ကဒ်ကို စစ်ပြီးမှ ရှီးယားမွတ်စလင်စစ်စစ်တွေကို ရွေးချယ်ကာ သေဒဏ်ပေးသဏ္ဍန်မျိုး သတ်ဖြတ်ခဲ့တာလို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
ပါကစ္စတန်က ဆူနီအစွန်းရောက်အဖွဲ့အစည်းတွေဟာ ရှီးယားမွတ်ဆလင်များကို ၄င်းတို့နှင့် အယူဝါဒကွဲလွဲသူတွေအဖြစ် သတ်မှတ်ကာ ပုံမှန်အကြမ်းဖက်သုတ်သင်နေကြတာပါ။ သတ်ဖြတ်ခံရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ အဆိုပါ ဘတ်စ်ကားဟာ တပ်မြို့ဖြစ်တဲ့ ရာဝါပင်ဒီ ကနေ ရှီးယားမွတ်စလင် အတော်များများနေထိုင်ကြတဲ့ ကာရာကိုရမ် တောင်ခြေ ရင်းက ဂီဂျစ်ဒေသကို သွားလာနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်မာဘတ်မြို့ကနေ မြောက်ဘက် မိုင် ၁၁၀ အကွာမှာ တည်ရှိတဲ့ ကိုဟီ စတန်ဒေသမှာ ရှီးယားမွတ်စလင် ၁၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း သေ နတ်သမားများဟာ ဘတ်စ်ကားယာဉ်တန်းပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရှီးယားမွတ်စလင်တွေကို ရွေးထုတ် ကာ အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်