Saturday, August 18, 2012

ကေအိုင်အေမှ ၀န်ဂေါဘွမ်တွင် ကချင်အမျိုးသမီးမိုင်းသင်တန်းဖွင့်လှစ်

Posted by drmyochit Saturday, August 18, 2012, under | No comments


 
သြဂုတ်လ (၁၅)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၃)နယ်မြေဖြစ်တဲ့ ၀န်ဂေါဘွမ်မှာ အသက် (၁၆)နှစ် မှ (၂၃)နှစ်ကြား အရွယ်ရှိတဲ့ ကချင်အမျိုးသမီး (၁၂)ဦးကို ကေအိုင်အေ တပ်မဟာ(၃)မှမိုင်း သင်တန်း သင်ကြား ပို့ချပေးလျက် ရှိကြောင်း သတင်းရရှိပါတယ်။

 အဆိုပါမိုင်းသင်တန်းကို သင်တန်းနည်းပြဆရာအဖြစ် ယခင်ကေအိုင်အေထောက်လှမ်းရေး မှူး ဟောင်းဖြစ်သူ ဦးတူးလွမ်နှင့် ထောက်လှမ်းရေးတပ်ကြပ်ကြီးဟောင်းတို့မှ သင်ကြားပို့ချပေးသွားမှာဖြစ် တယ်လို့ သတင်းရရှိပါတယ်။
 သင်တန်းကို ကချင်အမျိုးသမီးဦးရေ အယောက် ၅၀ ခန့်ထိ တိုးချဲ့သင်ကြားပေးသွားမှာဖြစ်ပြီး ယခုအချိန်မှာတော့ သင်တန်းသူ (၁၂)ဦးသာရှိသေးတယ်လို့သိရပါတယ်။
 ကေအိုင်အေတပ်ဖွဲ့တွေအနေနဲ့  ကေအိုင်အေတပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ်မြို့ပေါ်တွေမှာရှိတဲ့  ဒုက္ခသည်စခန်းတွေမှာ ရောနှောထားရှိပြီး ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေ မှု ကို မြန်မာအစိုးရစစ်တပ်မှသိရှိသွားပြီး ဒုက္ခသည်စခန်းတွေကို ၀င်ရောက်စစ်ဆေးကာ ဖမ်းဆီးမှုတွေ ပြုလုပ် ခဲ့တဲ့အတွက် ယခုလို အမျိုးသမီး ဖောက်ခွဲ ဖျက်ဆီးရေးအဖွဲ့တွေထားရှိဖို့ လေ့ ကျင့်သင်ကြား ပေး တာ ဘဲဖြစ်တယ်လို့ ကေအိုင်အေတပ်ဖွဲ့ဝင်ဟောင်း တစ်ဦး ရဲ့ပြောကြားချက် အရ သိရှိရပါတယ်။
from-KDM 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်