Saturday, August 18, 2012

ရိုဟင်ဂျာတပ်ပေါင်းစု (R.S.O) နှင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ ချိတ်ဆက်မှုများ

Posted by drmyochit Saturday, August 18, 2012, under | No comments


 
မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင် လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြား ဘာသာရေးအဖွဲ့များ၏ အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့ အချို့သည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization)

ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှ ရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည် ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကို စုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။

မူးယစ်ဆေးဝါးများမှ ၀င်ငွေအများဆုံး ရရှိ
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင် အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာရ်ပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။ ယင်းအဖွဲ့အစည်းသည် ၁၉၉၀ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ခိုက်ရေးပြုလုပ်ခြင်းများ အားနည်းလာခဲ့သော်လည်း မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံဒေသအတွင်းတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် လက်နက်နှင့် မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းမှ ၀င်ငွေအများဆုံး ရရှိသောအဖွဲ့ဖြစ်သည်ကိုတွေ့ရှိရသည်။

ပါကစ္စတန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံမှ ရာဘိတယ်အလမ်အိုင်အစ္စလာမီ (Rabitaal-Alam-I-Islami) အဖွဲ့ ၏ ထောက်ပံ့ငွေများကို ရယူခဲ့ကြောင်းလည်းသိရှိရသည်။ ၁၉၈၀ခုနှစ် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ ဂျမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့နှင့် အကြမ်းဖက်ကျောင်းသားများ အဖွဲ့အစည်းဖြစ်သည့် အစ္စလာမီချတ္တရရှီဘာ (Islami Chhatra Shibir) အဖွဲ့တို့မှ အကူအညီများကို စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။

သင်တန်း နှင့် ကွန်ယက်များ
ဘင်းဂလားဒေ့ရှ်နိုင်ငံတွင်အဖွဲ့အစည်းထူထောင်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့သည် အင်အားကြီး ဆွန်နီမူဆလင်အဖွဲ့အစည်းဖြစ်သည့် ဟာရာကတ်-အာလ်-ဂျီဟတ်-အာလ်-အစ္စလာမီ (Harakat-ul-Jihad-ul-Islami) ၏လွှမ်းမိုးမှုအောက်တွင်ရှိနေခဲ့သည်။ (HuJI) ကို ၁၉၉၂ ခုနှစ်တွင် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော ဘင်းဂလားဒေ့ရှ်လူမျိုးစစ်သားများကို ထောက်ခံရန်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အယ်ကေဒါနှင့်တာလီဘန်တပ်ဖွဲ့များ၏ ၀ါဟာဘီ နှင့် ဒျူရိုဘန်ဒီ (Wahabist and Deobandist) သင်တန်းနည်းလမ်းများကို မျှဝေသင်ကြားခြင်းများလည်းပြုလုပ်ရာမှ အင်အားကြီးမားကာ ကွန်ယက်များစွာလည်းဖြန့်ကျက်နိုင်ခဲ့သည်။

(HuJI) သည် ဘင်းဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့ဝင်များကို တပ်သားအဖြစ်ခေါ်ယူခဲ့မှုပြီး ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) နှင့်အဆက်အသွယ်မပြတ် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အူခီယာ (Ukhia of Cox’s Bazar) ရှိ ဘင်ဂါလီရိုဟင်ဂျာအဖွဲ့၏ စခန်းတစ်ခုကို (HuJI) အဖွဲ့မှ လက်လွှဲရယူခြင်းကြောင့်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ပိုင်ဆိုင်မှုများကို ခြယ်လှယ်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။

လစ်ဗျားနိုင်ငံ အကြမ်းဖက်သင်တန်းများ
မြန်မာအစိုးရဘက်မှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီအဖွဲ့သည် လစ်ဗျားသမ္မတ (ဟောင်း) မွမ်မာကဒါဖီ၏ ထောက်ပံ့မှုများ ရယူနေကြာင်း ပြောဆိုမှုများရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၈ယောက်သည် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်သင်တန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ အထောက်အထားများအရ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ပါကစ္စတန် ကက်ရှ်မီးယားဒေသရှိ (HuJI) ယခုအခေါ် ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့အစည်း၏ထောက်ပံ့မှုများလည်း ရယူခဲ့သည်။

အာဖဂန် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဂါဘူဒင်ဟက်မတ်ယာ (Gulbuddin Hekmatyar) ၏ ဟဇ်-အီ-အစ္စလာမီ (Hizb-e-Islami) လှုပ်ရှားမှုများတွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်အချို့ကို ပါဝင်စေခဲ့ရာမှ ရိုဟင်ဂျာတို့၏ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာခဲ့သည်။


ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၊ တာလီဘန် အရာရှိများ
ပါကစ္စတန်နိုင်ငံတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၃၅၀၀၀၀ (သုံးသိန်းခွဲ) ခန့် နေထိုင်ကြပြီး အများစုသည် အစ္စလာမ်ဘာသာရေး သင်တန်းကျောင်းများကို တက်ရောက်ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ယင်းတို့အနက်မှ အချို့သည် တာလီဘန် အရာရှိများ ဖြစ်လာခဲ့ကြသည်။ အခြားတာလီဘန်အဖွဲ့ဝင်ရိုဟင်ဂျာများသည် ဘင်းဂလားဒေ့ရှ်မှ တိုက်ရိုက်ခေါ်ယူခန့်အပ်ပြီး ပါကစ္စတန်နိုင်ငံတွင် သင်တန်းတက်ရောက်ကြကာ ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းတွင် ဂျမားအယ်အစ္စလားမီးယား (Jamiya-I-Islami) အဖွဲ့ဥက္ကဌ ဘာဟာနူဒင် ဟာဘာနီ (Burhanuddin Rabbani) နှင့် အစ်တီဟတ်-အယ်-အစ္စလာမီးယား (Ittehad-I-Islami) အဖွဲ့ မှ အက်ဘဒါရက်ရဇူလ်ဆာယက်ဖ် (Abdur Rab Rasool Sayyaf) တို့၏ ထောက်ပံ့မှုများကို ပေါ်ပေါ်တင်တင်ရယူနေမှုများကို နိုင်ငံတကာအကြမ်းဖက်ထောက်လှမ်းရေးမှတ်တမ်းများတွင် တွေ့ရှိရသည်။


ရိုဟင်ဂျာ နှင့် အာဖဂန်နစ္စတန်
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၁၀၀ (တစ်ရာ) ခန့်သည် အာဖဂန်နစ္စတန်နိုင်ငတွင်းရှိ ခိုစ့် (Khost) မြို့ရှိ ဟဇ်ဘ်-အီ-အစ္စလာမီ (Hizb-e-Islami) အဖွဲ့ပိုင်သင်တန်းများတွင် လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ပြီး အခြား ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အင်အား ၅၀၀၀ ခန့်သည်လည်း အလားတူသင်တန်းများကို ၁၉၉၀ပြည့်နှစ်များက တက်ရာက်ခွင့်ရခဲ့ကြောင်းသိရှိရသည်။

မြန်မာ့အရေးနှင့်ဒီမိုကရေစီအရေးလေ့လာသူ ဘာတီးလ်လစ်တစ်တနာ (Bertil Lintner) ၏မှတ်တမ်းများအရ အဆိုပါ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) လေ့ကျင့်ရေးအဖွဲ့ဝင်များသည် ဘာသာရေးဆိုင်ရာ တစ်ဖက်သတ်လမ်းညွှန်ချက်များ ကို ခံယူကြရပြီး ခြေလျင်တပ်သား ၊ မိုင်းရှင်းလင်းရေးတပ်သားများ ဖြစ်လာကြသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တော်လှန်ရေးတပ်ဖွဲ့များ၏ အသုံးချခံ စစ်ဖက်ပစ္စည်း အဆင့်မျှသာ သတ်မှတ်ခံကြရကြောင်း နှင့် ထိုအခြေအနေကို မနှစ်သက်ကြောင်းကိုလည်း သိရှိရသည်။


မူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းရန်
မြန်မာမူဂျာဟစ်ဒင်များသည် တာလီဘန်အဖွဲ့တို့နှင့် ပူးပေါင်းတိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်စစ်တပ်မှ အာဖဂန်အခြေစိုက်စစ်စခန်း ဖွင့်လှစ်ချိန်အထိ ရှိနေခဲ့သည်။ ယင်းတို့အနက်မှ အချို့ကို အမေရိကန်တပ်မှ လက်ရဖမ်းဆီးမိခဲ့ပြီးနောက်ပိုင်း စစ်ဆေးတွေ့ရှိချက်များအရ “မြန်မာအစိုးရကိုတိုက်ခိုက်ရန် စစ်ရေးတိုက်ခိုက်မှု အတွေ့အကြုံများ ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်တိုက်ခိုက်ပြီး ကိုရမ်ကျမ်းစာကို လိုက်နာသောမူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းနိုင်ရန်အတွက်” ဆိုသောထွက်ချက်များကို တွေ့ရှိခဲ့ရသည်။

အဆိုပါလက်ရဖမ်းဆီးမိခဲ့သောအဖွဲ့တွင် ပါကစ္စတန်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသို့မရောက်ဖူးသော စစ်သွေးကြွများဖြစ်ကြသည်။ တာလီဘန်စစ်ပွဲပြီးဆုံးသွားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သော မူဂျာဟစ်ဒင်များသည် ဘင်းဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် အကြမ်းဖက်တိုက်ခိုက်ရေး လေ့ကျင့်ရေးသင်တန်းများကို ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အပါအ၀င် အခြားတိုက်ခိုက်ရေးအဖွဲ့များအား သင်တန်းပို့ချနေမှုများကို ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။


ABMU အဖွဲ့က မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု ကြေငြာ
၁၉၉၀ ခုနှစ်များက မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု (ABMU) အဖွဲ့ကကြေငြာစဉ်က အာရပ်နှင့် ပါကစ္စတန်နိုင်ငံများမှ မူဂျာဟစ်ဒင်များ အပါအ၀င် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကလည်း ပါဝင်တိုက်ခိုက်ကြရန် ကတိပြုခဲ့ကြသည်။ ထို့အတူ ကတ်ရှ်မီးယားဒေသမှ ပါကစ္စတန်အဖွဲ့တစ်ခုဖြစ်သော ဟဇ်ဘူလ်မူဂျာဟစ်ဒင် (Hizb-ul Mujahideen) ကလည်း လေ့ကျင့်ရေးသမားများကို မြန်မာနိုင်ငံအတွင်းရှိ မူဆလင်သူပုန်များကို လေ့ကျင့်မှုများပေးရန် စေလွှတ်ခဲ့သည်။ စက်တင်ဘာ၂၀၀၁အဖြစ်အပျက်မတိုင်မီအထိ ထိုကဲ့သို့သောအခြေအနေများကို မြန်မာအစိုးရနည်းတူ အမေရိကန်အစိုးရသည်လည်း အန္တရာယ်ရှိသောအခြေအနေတစ်ရပ်အနေဖြင့် များစွာလေ့လာမှုများမရှိခဲ့ပေ။


အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ်သိမ်းသွင်
လက်ရှိအချိန်ထိ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်မူဆလင်အကြမ်းဖက်တို့၏ နိုင်ငံတွင်းအင်အားသိသာစွာကြီးမားလာခြင်း သိသာထင်ရှားသောအကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင် မြန်မာအစိုးရမှလည်း ထိန်းသိမ်းထားနိုင်သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် စက်တင်ဘာ ၂၀၁၁ တိုက်ခိုက်မှုများ အပြီးတွင် နိုင်ငံတကာလေ့လာမှုများအရ အကြမ်းဖက်ကွန်ယက်သည် တဖြည်းဖြည်းကြီးထွားလာကြောင်း နှင့် မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ် သွယ်ဝိုက်သိမ်းသွင်းထားမှုများ ရှိကြောင်း သိရှိရသည်။

အမေရိကန်ရှိ တက္ကသိုလ်တစ်ခုတွင် “အယ်ကေဒါ၏ အရှေ့တောင်အာရှတွင် အကြီးမားဆုံးအဖွဲ့ခွဲသည် မြန်မာနိုင်ငံတွင် အခြေစိုက်သည်” ဟုပင် သတ်မှတ်သင်ကြားခြင်းခံရသည်။ သဘောတရားချင်းတူညီသော သတင်းထုတ်ပြန်ကြေငြာချက် တစ်ရပ်ကို စီအန်အန် သတင်းကွန်ယက်ဌာနမှလည်း ထုတ်လွှင့်သွားခဲ့ဖူးသည်။ ထိုကြေငြာချက်များကို အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့၏ အနည်းဆုံး တစ်စိတ်တစ်ပိုင်းသည် အယ်ကေဒါအဖွဲ့သြဇာခံဖြစ်ကြောင်းကို အမေရိကန်တပ်ဖွဲ့မှ သက်သေပြနိုင်ခဲ့သည်။


အိုစမာဘင်လာဒင် နှင့် ရိုဟင်ဂျာ
၁၉၉၀ ခုနှစ်များက ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ တိုက်ခိုက်ရေးစိတ်ပါဝင်စားသူ ရိုဟင်ဂျာစစ်သားများ စုဆောင်းရန်အတွက် ပါကစ္စတန်နိုင်ငံမှ လာရောက်သိမ်းသွင်းသူများသည် အယ်ကေဒါ အဖွဲ့မှ စေလွှတ်ခဲ့သူများဖြစ်ကြောင်း တိကျသောသတင်းများ ရရှိခဲ့သည်။ အမေရိကန်တို့၏ အာဖဂန်စစ်ပွဲမှတ်တမ်းများအရ အိုစမာဘင်လာဒင်၏ ဗီဒီယိုတိပ်ခွေတွင်လည်း အာရပ်ဘာသာဖြင့် “မြန်မာနိုင်ငံမှ မူဆလင်တရားတော်အလိုအရ တိုက်ခိုက်နေသူများ” ကို ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။
Myanmar Express

2 comments:

who are those stupid ladies holding defenseless rohingya???? Rakhine people never attack those kalar with GUNS supported by those kalar societies.

Rakhine people are only defenseless!
They only have traditional catapellar,and bamboo stick, that's all.

But, rohingya kalars have many weapons
This show who are real terrorists?

Please let the world know about this, please

No need sharia law in our country!!!

http://silentsspeech.wordpress.com/2011/01/01/australian-prime-minister-does-it-again/

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်