Wednesday, August 15, 2012

ခဲဈေးနှုန်းမြှင့်ပေးဖို့ ကလလတမှ သတ္တုတွင်း ၀န်ကြီးအား တောင်းဆို

Posted by drmyochit Wednesday, August 15, 2012, under | No comments




ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှ ထွက်ရှိသော ခဲများကို ဦးပိုင်ကုမ္ပဏီမှ ဈေးနှုန်းမြှင့် တင်ပေးဖို့အတွက် ကရင်နီပြည်သူ့ လွတ်မြောက်ရေးတပ်ဦး - ကလလတမှ သတ္တုတွင်းဝန်ကြီးအား တင်ပြတောင်းဆိုလိုက်ပါတယ်။
ကလလတမှ ဗဟိုကော်မီ တီအဖွဲ့ဝင် ဦးစောထိုက “ဈေးနှုန်းနဲ့ အပြင်ဈေးက သိပ်ကွာဟတယ်။ ကွာဟတဲ့ ခါကျတော့ သတ္တုတွေက တကယ်လုပ် တဲ့ကျင်းပိုင်၊ လုပ်ခွင့်ရတဲ့ လူတွေက အနည်းစုပေါ့။ ၁၀ ယောက်မှာ တယောက် တောင်မရှိပါဘူး။ အများစုက အဆင်မ ပြေကြပါဘူး။ လုပ်လုပ်စားစားပဲ ဒီအခြေ အနေမျိုးမှာ ရှိပါတယ်။

 ဆိုတဲ့သဘော ကတော့ ခုနလိုပေါ့ သတ္တုတွေက အပြင်ဈေးကွက် ရောက်တာလည်း ရှိတာပေါ့။ ဒီလိုရောက်တဲ့အ ကြောင်းအရင်းက ဘာကြောင့်လဲ ဆိုတော့ တာဝန်ကြေ သွင်းတဲ့နှုန်းနဲ့ ဈေးကွက် ပေါက်ဈေးနဲ့ သိပ်ကွာဟတယ်” လို့ ပြောပါတယ်။ သြဂုတ်လ ၆ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့နယ် ပြည်နယ်အစိုးရ ခန်းမဆောင် မှာပြုလုပ်တဲ့  ဒေသအဆင့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပတင်ပို့မှု အရည်အသွေး မြှင့်တင်ရေးနဲ့ ဈေးကွက်ထိုး ဖောက်နိုင်ရေး ဆွေးနွေးပွဲမှာ ပြောသွားတာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမီတက်က တပိဿလျှင် ၇ ထောင်ကျပ်သာပေးပြီး အခြားကုမ္ပဏီများက တပိဿ တသောင်းနှစ်ထောင် ကျပ်ပေးတယ်လို့ ဆက်ပြောပါတယ်။ မော်ချီးသတ္တုတွင်း ခဲလုပ်ခွင့် ရှိတဲ့သူတွေက သတ်မှတ် ထားချက်အရ တလကို ပိဿ ၂၀၀ ဦးပိုင် ကုမ္ပဏီကို သွင်းပြီးမှသာ ကျန်ရှိသော ပိဿာများကို တခြားပြင်ပ ကုမ္ပဏီကို ရောင်းရတာ ဖြစ်ပါတယ်လို့ သိရပါတယ်။ ဦးစောထိုက “ပေါက်ဈေးက ရောင်းလို့မရဘူး။ မရဘူးဆိုတာက မြေဇာကိုကြည့်တယ်။ မြေဇာတပုံက ပိဿ ၂၀၀ သတ်မှတ်ပြီးတော့ အပြင်ရောင်းလို့မရဘူး။ အဲလိုတာဝန်ကြေပြီးတဲ့ခါကျတော့ ခုနလို ဈေးနည်းတော့ အပြင်ပေါက်ဈေးနဲ့က သိပ်ကွာဟလွန်းတယ်။ သူတို့လည် ပတ်နိုင်ဖို့ အကြံအဖန်လုပ် လာတာဖြစ်လာတယ်” လို့  ပြောသွားပါတယ်။ ဦးစောထိုရဲ့ တင်ပြချက်ကို ပြည်ထောင်စု အစိုးရအဆင့် သတ္တုတွင်းဌာန ၀န်ကြီး - ဦးလင်းထိုက်က တဦးနှင့် တဦးပြန်ညှိ ကြဖို့သာ ပြောပါတယ်။ ဦးပိုင်ကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ္ဌ်က ခဲပိဿ ၁၀၀ မှာ ၀ယ်ရင်းဈေးက ၈ သိန်းနဲ့ ၂သောင်းဖြစ်ပြီး အခွန်ဆောင် တဲ့ငွေက ပျှမ်းမျှ  တပိဿကို ၁၅၀၀ ကျပ်ရှိတဲ့တွက် ပိဿ ၁၀၀ဆိုလျှင် ကုန်ကျစရိတ် စုစုပေါင်း ၉ သိန်းခွဲခန့်ရှိတယ်လို့ ပြောပါတယ်။ “ကျနော်တို့ပိုင်းကျတော့ အခုလက်ရှိ ဈေးအရကိုပဲ ကမ္ဘာ့ပေါက် ဈေးမှာတော့ ရှုံးနေတယ်။ ဒါကြောင့် ကျနော်တို့က ခုန အဘကို တင်ပြထားတဲ့ ရာခိုင်နှုန်းတွေ အချို့တွေ လျှော့ပေးပါဆိုတာ ကျနော်တို့က ပိဿ ၁၀၀ ၀ယ်ရင် ၆၀.၂ ပိဿပဲရတယ်။ အဲကုန်ကျစရိတ်ကျတော့ ၁သောင်း ၄ထောင်ကျော်သွားတဲ့အတွက် ရပ်တည်ရတာ အခက်အ ခဲဖြစ်တော့ ဒေသခံ ကျင်းပိုင်ရှင်ကို ပေးရတဲ့နေရာမှာ အခက်အခဲ အများကြီး ဖြစ်သွားတယ်” လို့ ဦးပိုင်ကုမ္ပဏီက ပြောရေး ဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။ မော်ချီးဒေသမှာ ခဲကျင်းအမှတ် ၁  ကနေ အမှတ် ၅ အထိ ခဲကျင်းကြီး ၅ ခု ရှိပြီး ကျင်းငယ်ပေါင်း ၃၀၀ ကျော်လောက် ရှိပါတယ်။ မော်ချီးဒေသမှာ လုပ်ကိုင်နေကြတဲ့ ခဲလုပ်ငန်း ကုမ္ပဏီတွေကတော့ ရဲထွန်းကျော် ကုမ္ပဏီ၊ KNPC ဦးပိုင် ကုမ္ပဏီ၊ ကရင်နီ အမျိုးသား သွေးစည်းညီ ညွတ်ရေး KNSO ကြယ်ဖြူတို့ ဖြစ်ပါတယ်။ မော်ချီးဒေ သကနေ ထွက်ရှိတဲ့ ခဲတွေကို အဓိက တရုတ် နိုင်ငံဘက်ကို တင်သွင်းကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်