Wednesday, August 15, 2012

အာဆီယံနိုင်ငံများနှင့် မိုဘိုင်း Roming အပြန်အလှန် ချိတ်ဆက်နိုင်ရန် အသင့်အနေအထား၌ ရှိသည်ဟုဆို

Posted by drmyochit Wednesday, August 15, 2012, under | No comments




အာဆီယံနိုင်ငံ အများအပြားမှ မိုဘိုင်းဖုန်းများကို မြန်မာနိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်သည် သာမက မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း များကိုလည်း အာဆီယံနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်ရန် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်၌ ချိတ်ဆက် အသုံးပြုနိုင်ရန် အဆင်သင့် အနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာ ချုပ်တစ်ဦးက ပြောသည်။ “ပြည်ပက ဖုန်းတွေကို ပြည်တွင်းမှာ သုံးလို့ရနေပြီ။ ပြည်တွင်းက ဖုန်းတွေ ပြည်ပကို သယ်ဆောင် အသုံးပြုဖို့က အသုံးပြုတဲ့ အခကြေးငွေ ကိစ္စရပ်မျိုးတွေ၊ မသမာတဲ့ ကိစ္စရပ်မျိုးတွေကို ညှိနေသေးတယ်။

 နည်းပညာအရ ချိတ်ဆက် မှုကလည်း အသင့်အနေအထားမှာ ရှိနေပါတယ်။ အမြန်ဆုံး သယ်ဆောင် အသုံးပြုနိုင်အောင်လည်း လုပ်သွားဖို့ရှိတယ်” ဟု အထက်ပါ အင်ဂျင်နီယာချုပ်က ဆိုသည်။ လက်ရှိအချိန်၌ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ မိုဘိုင်းဖုန်း များသည် ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုခဲ့ ပြီးဖြစ်ပြီး မကြာခင်ကာလ၌ နိုင်ငံအသစ်များကို ထပ်မံတိုးချဲ့ အသုံးပြုခွင့် ပေးသွားမည်ဟု သိရသည်။ အလားတူ ပြည်တွင်းမှ မိုဘိုင်း ဖုန်းများကို အာဆီယံနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံ အသီးသီးသို့ သယ်ဆောင် အသုံးပြုနိုင် ရန်ကိုလည်း ဝန်ကြီးဌာန အနေဖြင့် ဆွေးနွေး ဆောင်ရွက် နေပြီဖြစ်သည်။ မိုဘိုင်းဖုန်းကို နိုင်ငံခြား တိုင်းပြည်များနှင့် အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်ရေးနှင့် ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စ ဝန်ကြီး ဦးသိန်းထွန်းသည် ယခုလ ၃ ရက်နေ့၌ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီးများ တွေ့ဆုံဆွေးနွေး ခဲ့ရာ၌ မိုဘိုင်း Roming ကွန်ရက် ကိစ္စရပ်အပြင် ဆက်သွယ်ရေး လုပ်ငန်းအတွက် နိုင်ငံတကာ အကြံပေး တင်ဒါလုပ်ငန်း ကိစ္စရပ်များလည်း ပါဝင်ခဲ့သည်။ မိုဘိုင်း Roming ကွန်ရက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ နေပြည်တော်တွင် လက်ခံကျင်း ပခဲ့သည့် အာဆီယံ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးမှ စတင်၍ အသုံးပြုခွင့် ပေးခဲ့ခြင်းဖြစ်သည်။ Roming ကွန်ရက် စတင်ဖွင့် လှစ်ခဲ့ချိန်၌ ဂျပန်အပါအဝင် အာဆီယံနိုင်ငံ အချို့မှ မိုဘိုင်းဖုန်းများ ပြည်တွင်းသို့ သယ်ဆောင် အသုံးပြုခဲ့ ကြကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင်ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်