Wednesday, August 15, 2012

အီဂျစ်သမ္မတ မော်စီက ကာကွယ်ရေးဝန်ကြီး Hussein Tantawi အားအငြိမ်း စားပေး၍ ကာကွယ်ရေး ဝန်ကြီးသစ်ခန့် အပ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 15, 2012, under | No comments


CNA.com;Aug-13(Mon)

အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် သြဂုတ်လ ၁၂ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဖီးမာရှယ် Hussein Tantawi အား အငြိမ်းစားပေးကြောင်း အံ့အားသင့်ဖွယ် အမိန့်ထုတ်ပြန်ခဲ့ပြီး စစ်ဘက်သို့ လုပ်ပိုင်ခွင့် အာဏာ ပိုမိုအပ် နှင်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကြေညာ ချက်ကိုလည်း ပယ်ဖျက်ခဲ့ပါသည်။ သမ္မတဟောင်း ဟော့စနီမူဘာရက် ရာထူးမှ ပြုတ်ကျခဲ့သော လူထုအုံကြွ မှုအပြီး အီဂျစ်နိုင်ငံကို တစ်နှစ်ကျော် အုပ်ချုပ်ခဲ့သည့် ဖီးမာရှယ် Hussein Tantawi ၏ နေရာတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် Abdel Fattah al-Sissi ဖြင့် အစားထိုးခန့်အပ် လိုက်ကြောင်း သိရှိရပါသည်။

            ဆိုင်းနိုင်းကျွန်းဆွယ် ဒေသတွင် အီဂျစ်စစ်ဘက်အား ပြင်းထန်စွာ တိုက်ခိုက်ခံ ခဲ့ရမှုကြောင့် ၄င်း ဒေသတွင် မကြုံစဖူး စစ်ဆင်တိုက်ခိုက် မှုများပြုလုပ်ခဲ့ပြီး သီတင်းပတ် တစ်ပတ်အကြာတွင် အီဂျစ်တပ်မတော် ကြည်းတပ် ဦးစီးချုပ် Sami Ananf ကိုလည်း အငြိမ်းစား ပေးခဲ့ကြောင်း MENA သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထို့ပြင် အီဂျစ်စစ်ကောင်စီ အုပ်ချုပ်စဉ် ကာလအတွင်း ထုတ်ပြန်ထားသည့် စစ်ဘက် ဥပဒေပြုရေး အာဏာများနှင့် အခြားအထူး လုပ်ပိုင်ခွင့်အာဏာ များပေးအပ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာကြေညာ ချက်ကိုလည်း ဖျက်သိမ်းရန် မော်စီက ဆုံးဖြတ်ခဲ့ကြောင်း ၄င်း၏ ပြောရေး ဆိုခွင့်ရှိသူ့ Yasser Ali က ပြောကြားခဲ့ပါသည်။
            အီဂျစ်စစ်ကောင်စီက ဇွန်လ ၁၇ရက်နေ့တွင် ချမှတ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ကြေညာချက် ကိုပယ်ဖျက်ရန် သမ္မတမော်စီက ဆုံးဖြတ်ထားကြောင်း ပြောရေး ဆိုခွင့်ရှိသူ Ali က MENA ရုပ်/သံမှနေ၍ အသံလွှင့် ကြေညာခဲ့ပါသည်။ ဖြစ်ပေါ်နေသော အခြေအနေ များအရ စစ်ဘက် အတွင်းပြောင်းလဲမှု များပြုလုပ်ရန် အချိန်ကျ ရောက်ပြီဖြစ်ကြောင်း လွတ်မြောက်ရေးနှင့် တရားမျှတရေးပါတီ (Freedom and Justice Party) မှ ဝါရင့်အရာရှိြMourad Ali က ပြောကြားခဲ့ပါသည်။ ၄င်းပါတီသည် မေလမှ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် သမ္မတရွေး ကောက်ပွဲတွင် မော်စီအား ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ် ပြိုင်စေခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်