Wednesday, August 15, 2012

အငြင်းပွားနေသောကျွန်းစုပေါ်တွင် ထိုင်ဝမ်က ကျည်စစ်ကျည်မှန်အသုံးပြုသည့် စစ်ရေးလေ့ကျင့်ခန်း ပြုလုပ်မည်ဆိုခြင်း

Posted by drmyochit Wednesday, August 15, 2012, under | No comments



CNA.com;Aug-12(Sun)

ထိုင်ဝမ်ကမ်းခြေ စောင့်တပ်ဖွဲ့သည် အငြင်းပွားမှု ဖြစ်ပေါ်နေသော တောင်တရုတ် ပင်လယ်တွင် စက်တင်ဘာလ၌ ကျည်စစ်ကျည်မှန် အသုံးပြုသော တာဝေးပစ် အမြောက်နှင့် စိန်ပြောင်းများ ပစ်ခတ်မှု လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ရေကြောင်း ကုန်သွယ်ရေးအတွက် ပင်မလမ်း ကြောင်းဖြစ်ပြီး သဘာဝအရင်း အမြစ်များ ပေါကြွယ်ဝသည် ဟုယုံကြည်ရသော ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ် ပင်လယ်တွင် အန္တရာယ်များ မြင့်တက်လျက် ရှိပါသည်။ ၄င်းစစ်ရေး လေ့ကျင့်မှုအား စပရက်တလေ ကျွန်းစုများ အတွင်းရှိ Taiping  ကျွန်းပေါ်တွင် ပြုလုပ်မည်ဖြစ်ပါသည်။ ၄င်းစစ်ရေး လေ့ကျင့်ခန်းအား စက်တင်ဘာလအတွင်း ပြုလုပ်မည် ဆိုသော်လည်း နေ့ရက် အတိအကျကိုမူ ပြောကြားခြင်း မရှိပေ။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း စစ်ရေး လေ့ကျင့်ခန်း အတွက်ပြင်ဆင်ရန် စစ်လက်နက် ပစ္စည်းများအား ထိုင်ဝမ်က ရွှေ့ပြောင်းခဲ့ခြင်းကို ဗီယက်နမ်က ပြင်းထန်စွာ တုံ့ပြန်ပြောဆိုခဲ့ပါသည်။

            Taiping ကျွန်းသည် ထိုင်ဝမ်က ကာလကြာရှည်စွာ အုပ်ချုပ်လာခဲ့သည့် ဒေသအတွင်းရှိ ကျွန်းများအနက် တစ်ကျွန်းဖြစ်ကြောင်း၊ ၄င်းကျွန်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအတွက် အငြင်းပွား ဖွယ်ရာမရှိကြောင်း ထိုင်ဝမ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကြေညာချက် တစ်စောင်တွင် ဖော်ပြခဲ့ပါသည်။ စပရက်တလေ ကျွန်းစုအတွင်း အကြီးဆုံး ကျွန်းဖြစ်သည့် Taiping  ကျွန်း၌ပြုလုပ်မည့် စစ်ရေး လေ့ကျင့်ခန်းတွင် အသစ်ရောက်ရှိ လာသည့်                            ၄ဝ မီလီမီတာ အမြောက်နှင့် ၁၂ဝ မီလီမီတာ စိန်ပြောင်းများ ပါဝင်ကြောင်းနှင့် လွှတ်တော် အမတ်အများအပြား ပါဝင်သော အဖွဲ့သည် ၄င်းစစ်ရေး လေ့ကျင့်ခန်းကို လေ့လာစောင့် ကြည့်မည်ဖြစ်ကြောင်း ထိုင်ဝမ် အခြေစိုက် United Evening News သတင်းဌာနက ဖော်ပြခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်