Wednesday, August 15, 2012

အငြင်းပွားမှုဖြစ် ပေါ်နေသော ကျွန်းများအရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံအားတောင်ကိုရီးယားက ပြစ်တင်ရှုတ်ချမှုပြုလုပ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 15, 2012, under | No comments



CNA.com;Aug-12(Sun)

အငြင်းပွား မှုဖြစ်ပေါ်နေသော ကျွန်းစုများအရေးနှင့် ပတ်သက်၍ သြဂုတ်လ ၁၂ ရက်နေ့တွင် တောင်ကိုရီးယား အာဏာရပါတီက ဂျပန်နိုင်ငံအား တုံ့ပြန်ထိုးနှက် မှုပြုလုပ်ခဲ့ပါသည်။ တောင်ကိုရီးယားမှ ထိန်းချုပ်ထားသော ကျွန်းများနယ်မြေ ပိုင်ဆိုင်မှုအရေးမှာ တငွေ့ငွေ့တောက် လောင်နေရာမှ ဂျပန်ပင်လယ် အတွင်းရှိ မီးတောင်ကျွန်းသို့ တောင်ကိုရီးယား သမ္မတလီမြောင်ဘတ် သွားရောက်သည့် သြဂုတ်လ ၁ဝ ရက်နေ့ တွင် ပြဿနာ ထပ်မံပေါ်ပေါက် လာခဲ့ပါသည်။ ဂျပန်နိုင်ငံက တောင်ကိုရီးယားရှိ ဂျပန်သံအမတ်ကြီးအား ပြန်လည် ခေါ်ယူခဲ့ပြီး အဆိုပါ ကျွန်းများသို့ တောင်ကိုရီးယား သမ္မတသွားရောက်မှုကို ကန့်ကွက် ရှုတ်ချကြောင်း ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံကျွန်းစု များပိုင်ဆိုင်ရေး ပြဿနာအား ဖြေရှင်းနိုင်ရေး အတွက် နိုင်ငံတကာ တရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး ကွိုင်ချီရိုဂမ်ဘာက သြဂုတ်လ ၁၁ ရက် နေ့တွင် ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ ဆောင်ရွက်ချက်သည် တောင်ကိုရီးယား နိုင်ငံအား လေးစားမှု မရှိသောအပြုအမူ ဖြစ်ကြောင်းနှင့် ကိုရီးယားအား ၁၉၁ဝ မှ ၁၉၄၅ ခုနှစ်အထိ ရက်စက် ကြမ်းကြုတ်စွာ ကိုလိုနီပြုခဲ့ခြင်းအား ဂျပန်နိုင်ငံက အပြည့်အဝ တောင်းပန်ရန် တောင်းဆိုကြောင်း တောင်ကိုရီးယား အာဏာရ New Frontier ပါတီက ပြောကြား ခဲ့ပါသည်။ Dokdo  ကျွန်းစုအား ဂျပန်နိုင်ငံ၏ ယုတ္တိမဲ့စွာ တောင်းဆိုမှုသည် ကိုရီးယားတို့အား အမျက်ဒေါသထွက် စေကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရ Hong-II-Pyo က ပြောကြားခဲ့ပါသည်။ ကျွန်းစုများအရေး နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ ရပ်တည်ချက် သဘောထားအား မိမိတို့က ရှုတ်ချကြောင်း၊  Dokdo ကျွန်းစုများအား ပိုင်ဆိုင်ကြောင်း ဆက်လက်ပြော ကြားနေပါက ကိုရီးယားနိုင်ငံအား ကျူးကျော်ခဲ့မှု နှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ တောင်းပန်မှုမခံဘဲ ပယ်ချသွားမည်ဖြစ်ကြောင်း Hong က ထပ်လောင်းပြောကြားခဲ့ပါသည်။
            မြောက်ကိုရီးယား ၏ဒုံးပျံနှင့် နျူကလီးယား အစီအစဉ်တို့နှင့် ပတ်သက်၍ အမြင်ချင်းတူညီမှု၊ စီးပွားရေး အရ ခိုင်မာသော ဆက်ဆံရေးတို့ရှိ နေသော်လည်း သမိုင်းအစဉ် အလာအရ အငြင်းပွားမှုများသည် ကိုရီးယား၊ ဂျပန်နှစ်နိုင်ငံ ဆက်ဆံရေးအား ထိခိုက်မှုဆက်လက် ဖြစ်ပေါ်စေပါသည်။ ဂျပန်နိုင်ငံ အနေဖြင့် ကျွန်းစုများ ပိုင်ဆိုင်မှု အတွက် နိုင်ငံတကာတရားရုံးသို့ တင်ပြမှုပြုလုပ် နိုင်သော်လည်း နှစ်နိုင်ငံစလုံး၏ သဘောတူညီချက် ရှိမှသာ တရားရုံး မှအဆုံးအဖြတ်ပြု လုပ်နိုင်မည်ဖြစ်သည်။ ၄င်းအရေးအား နိုင်ငံတကာ တရားရုံးသို့ တင်သွင်း၍ အဆုံးအဖြတ် ရယူရန် ဂျပန်နိုင်ငံက ၁၉၅ဝ ပြည့်နှစ်များနှင့် ၁၉၆ဝ ပြည့်နှစ်များတွင် တောင်းဆိုခဲ့သော်လည်း တောင်ကိုရီးယားက အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်