Wednesday, August 15, 2012

မိုးထိမိုးမိ ရွှေလုပ်သားတွေကို ယူနီဖေါင်းဝတ်များ ခြိမ်းခြောက်

Posted by drmyochit Wednesday, August 15, 2012, under | No comments




မိုးထိမိုးမိဒေသ၊ ရမည်းသင်း မြို့နယ် ရွှေတူးဖော် ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသော မိုးထိမိုးမိ တောင်ပေါ်တွင် နိုင်ငံတော် ကာကွယ်ရေးဝတ်စုံ (ပျောက်ကျားဝတ်စုံ) များကို ဝတ်ဆင်ပြီး တုတ် (ရာဘာနံပါတ်တုတ်၊ ဝါးရင်းတုတ်)၊ ဓါး၊ လက် ထိပ်များတပ် ဆင်ထားသော အမျိုးသားကြီးပွား တိုးတက်ရေး အုပ်စု ကုမ္ပဏီလီမီ တက်မှ ခေါ်ယူဖွဲ့စည်း ထားသော လှုပ်ရှား တပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် စောင့်ဆိုင်းနေသော ရွှေလုပ်သားများ၏ နေအိမ် တဲများ အတွင်းသို့ အတင်းဝင်ရောက် ရှာဖွေသိမ်းဆည်း နေပါသည်။

 ထိုသို့ရှာဖွေ သိမ်းဆည်းရာတွင် ရှာဖွေ စစ်ဆေးခွင့် စာရွက် စာတမ်းများ ပြသခြင်း မရှိသလို နိုင်ငံတော်မှ တရားဝင်ဖွဲ့ စည်းထားသော ပြည်သူ့ရဲ ဝန်ထမ်းများ၊ ခရိုင် အုပ်ချုပ်ရေးမှူး မှ နေရာချ ထားပေး ထားသော ဈေးတန်း ရာအိမ်မှူးများ တဦးမှမပါဝင်ပါ။ အမျိုးသားကြီးပွား တိုးတက်ရေး အုပ်စု ကုမ္ပဏီသည် မိုးထိမိုးမိ တောင်ပေါ်တွင် ၁၄.၆.၂၀၁၂ ရက်နေ့တွင် ရွှေလုပ်သား များနှင့် နှစ်ဦးသဘော တူစာချုပ် ချုပ်ဆိုပြီး နောက်ပိုင်းတွင် စာချုပ်ပါ အချက်အလက် များကို ချိုးဖောက် နေသလို ရွှေလုပ် သားများ၏ အသက် အိုးအိမ် ဘဝလုံခြုံ မှုများကို ခြိမ်းခြောက် နေပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်