Monday, September 10, 2012

BBC သတင်းဌာန ရန်ကုန်တွင် ရုံးခွဲ ဖွင့်မည်

Posted by drmyochit Monday, September 10, 2012, under | No comments



 
From:thevoice

ယခင် တပ်မတော် အစိုးရ လက်ထက် အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်ထားသော ဘီဘီစီ သတင်းဌာန၏ မြန်မာပိုင်း အစီအစဉ် ရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများနှင့် လာရောက် ဆွေးနွေး နေပြီဖြစ်ကြောင်း BBC Global News မှ ဒါရိုက်တာ PETER HORROCKS က The Voice Weekly သို့ ပြောကြားသည်။

ဘယ်အချိန် စဖွင့်မလဲ ဆိုတာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အပေါ်မှာ မူတည်တယ်ဟု ၄င်းက ဆိုသည်။

BBC မြန်မာပိုင်း အစီအစဉ်သည် ၁၉၄၀ စက်တင်ဘာတွင် စတင် ထုတ်လွင့်ခဲ့သည့် အတွက် သက်တမ်းအားဖြင့် နှစ် ၇၀ ပြည့်ခဲ့ပြီဖြစ်သည်။

ယခင်က အတိုက်အခံ မီဒီယာအဖြစ် သတ်မှတ်ခံရသော BBC အပါအ၀င် အခြား မီဒီယာများမှာ ပြည်တွင်းတွင် တရားဝင် သတင်းယူခွင့် ရရှိနေပြီဖြစ်ပြီး ဒီမိုကရက်တစ် မြန်မာအသံ ( DVB ) ကလည်း ရုံးခွဲအဖြစ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ခွင့် ရရှိ ထားသောကြောင့် ၄င်းတို့ အနေဖြင့်လည်း ဖွင့်လှစ်ခွင့် ရရှိနိုင်ကြောင်း အပတ်စဉ်ထုတ် သတင်း အယ်ဒီတာ တစ်ဦးက မှတ်ချက်ပေးသည်။

BBC ရေဒီယို မြန်မာပိုင်း အစီအစဉ်ကို တစ်ရက်လျှင် သုံးကြိမ် တင်ဆက်ပြီး မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် လူဦးရေ ဒသမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်