Monday, September 10, 2012

ကေအိုင်အေ မှ အမျိုးသားများသာမက အမျိုးသမီးငယ်များကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေ

Posted by drmyochit Monday, September 10, 2012, under | No comments




From:ကချင်နေ့စဉ်သတင်း

ကေအိုင်အေသောင်းကြမ်းသူအဖွဲ့မှ အင်အား(၂၀)ဦးခန့်သည် အရပ်ဝတ်ဖြင့် စက်တင်ဘာ(၈)ရက်နေ့ ညသန်း ခေါင်အချိန်တွင် မိုးကောင်းမြို့နယ် နောင်ပုံရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးငယ်(၂)ဦး အပါအ၀င် လူငယ်(၆)ဦးအား တနိုင်းဘက်သို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ အမျိုး သမီး(၂)ဦးမှာ အသက်(၂၀)နဲ့(၂၅)နှစ် အရွယ်ရှိတဲ့ ကချင်တိုင်းရင်း သူလေးများ ဖြစ်ကြပါတယ်။ ယခင်က ကေအိုင် အေဟာ အမျိုးသားများကိုသာ လူသစ်စုဆောင်း သော်လည်း ယခုအခါ အပျိုအရွယ်အမျိုးသမီးများကိုပါ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းတွေ လုပ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ကလေး၊ ယောက်ျား၊ မိန်းမပါမကျန် အပြင် မထွက်ရဲတော့ဘဲ ကိုယ့်အိမ်မှာ ကိုယ်နေရတာတောင် ကျီးလန့်စာစားဘ၀ကိုရောက်နေ ရကြောင်း ဒေသခံတစ်ဦးမှ ပြောပြချက်မှ သိရှိရသည်။
နားဆင်ကြပြီး ၂၃ ရာခိုင်နှုန်းကို ထောက်ခံ အားပေးမှု ရရှိကြောင်း ၂၀၁၀ တွင် ကောက် ယူသောသတင်း မီဒီယာ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်