Monday, September 10, 2012

အီရတ် ဒုသမ္မတကို သေဒဏ်ချမှတ်

Posted by drmyochit Monday, September 10, 2012, under | No comments


နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ အီရတ်ဒုတိယ သမ္မတ တာရတ် အဲလ် ဟာ့ရှမီကို အီရတ် တရားရုံး တခု ကနေ မျက်ကွယ် သေဒဏ် ချမှတ်လိုက်ပါ တယ်။မစ္စတာ ဟာ့ရှမီဟာ အကြမ်းဖက် အဖွဲ့တွေကို ဖွဲ့စည်းပြီး ရှီယာ မူဆလင်တွေနဲ့ အစိုးရ လုံခြုံရေတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေ လုပ်ခဲ့တဲ့ အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး၊ ကြိုးမိန့် ချမှတ် လိုက်တာ ဖြစ်ပါတယ်။သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး အခုတော့ ဆူနီ၊ ရှီယာနဲ့ ကာ့ဒ် နိုင်ငံရေး အဖွဲ့တွေ အကြား အာဏာ မျှဝေ ယူထားတဲ့ အီရတ် အစိုးရ အတွက် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်စေခဲ့ ပါတယ်။
ဒီနှစ် အစောပိုင်းက တိုင်းပြည် ကနေ ထွက်ပြေး သွားပြီး အခု လက်ရှိ တူရကီနိုင်ငံ မှာ နေထိုင် နေတဲ့ မစ္စတာ ဟာ့ရှမီက ရှီယာ လူမျိုး ဝန်ကြီးချုပ် နူရီ အဲလ် မာလီကီဟာ ပြိုင်ဘက် ဆူနီ တွေ အပေါ် အောက်လမ်းနည်း သုံးပြီး နိုင်ငံရေး အရ အကောက် ကြံ နေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။အစိုးရကတော့ ဒါဟာ တရားရေးနဲ့သာ သက်ဆိုင်တဲ့ အမှုဖြစ်တယ်လို့အလေးအနက် ပြောကြားပါတယ်။

BBC( မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်