Wednesday, September 12, 2012

ရခိုင်တစ်ဦး ဘင်္ဂလီကုလားတွေရဲ့ လည်ပင်းလှီးသက်ဖြတ်ခံကိုခံရ

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် လေးမိုင်ကျော်လောက်ဝေးသည့် သရက်အုပ်ကျေးရွာသား တဦးသည် ကျောက်
တော်မြို့မှ ငွေထုတ်၍အပြန် လမ်းခုလတ်တွင်ဘင်္ဂလီလူအုပ်စုထံ လည်လှီးအသတ်ခံရ သည်ဟု ရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။
သေဆုံးသူမှာ သရက်အုပ်ရွာမှ ဦးကျော်မောင်ချေ အသက် (၆၃)နှစ်ဖြစ်ပြီး ၄င်းပုဂ္ဂိုလ်တွင် သားသ မီး၇ ယောက် ကျန်ရစ်ခဲ့သည်ဟု သူကပြောသည်။“စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၅နာရီလောက်မှာ လည်လှီးအသတ်ခံရ တာဖြစ် ပါတယ်။အလောင်း ကိုတော့ သရက်အုပ်နဲ့ ၁မိုင်လောက်မှာ တွေ့တယ်လို့ သိရပါတယ်”၄င်းအပြင်သူက ဖြစ်ပုံနှင့် ပတ် သက် ပြီး “ရွာသားတွေက စပါးခင်းမှာ သွေးစက်တွေ့တယ်။ သွေးစက် အတိုင်းလိုက် ရှာတော့ စပါးခင်းနဲ့ လေးငါး ပြန်လောက်မှာလည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကိုတွေ့တာပါ။

 ပြီးမှ ရဲကိုအကြောင်း ချက်ချင်းကြားပြီး လူသတ်မှုမှာ ပါဝင်သည်ဟုယူဆရတဲ့ ဘင်္ဂလီ ၂ဦးကိုလည်း ဖမ်းမိပါတယ်” ဟု ကျောက်တော် မြို့သစ်ရပ်ကွက်မှ ရခိုင်အမျိုးသားတဦးက ရွှေမြန်မာမီဒီယာသို့ပြောသည်။သူသည် ကျောက်တော်မြို့သို့ မလေးရှားနိုင်ငံနေ သားဆီကပို့ပေး သောငွေကိုထုတ်ယူပြီး အပြန်တွင်ယခုလို လည်လှီးသတ်ဖြတ်ပြီး ဘင်္ဂလီလူအုပ်စုက အကောင်ဖျောက်ရန် ကြိုးစားခြင်း ဖြစ်သည်ဟုဆို သည်။“ဒီဘင်္ဂလီလူအုပ်စုက အဲဒီလူကငွေကိုယူ လူကိုသတ်ပြီး အကောင်ဖျောက်ဖို့ ကြိုးစားကြတာဖြစ်ပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ပုံက မသေသတ်တော့ ခုလိုဖမ်းတွေ့တာ ဖြစ်ပါတယ်
”ဟုပြောသည်။
ယခုအခါ ကျောက်တော်မြို့နယ် ဆေးရုံတွင် ၄င်းအလောင်းအား စစ်ဆေးမှုများပြု နေပြီး အခင်းဖြစ် ပွားသည့် နေရာမှ မသင်္ကာသူ ဘင်္ဂလီ ၂ဦးအား ရဲကဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်