Wednesday, September 12, 2012

Coca Cola ကမြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် အချိုရည်များ သင်္ဘောတင်ပို့

Posted by drmyochit Wednesday, September 12, 2012, under | No comments


ကိုကာကိုလာ ကုမ္ပဏီက ၎င်းသည် မြန်မာနိုင်ငံမှ ဖောက်သည်များအတွက် အချိုရည်များ သင်္ဘောတင်ပြီး ဖြစ် ကြောင်းနှင့် နှစ်ပေါင်း၆၀အတွင်း ပထမဆုံး အကြိမ်အဖြစ် တင်ပို့ခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားသည်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းပေးခဲ့ အပြီးတွင် Cokeသည် မြန်မာနိုင်ငံမှ ပင်းယကုမ္ပဏီနှင့် တွဲ၍ ကိုကာကိုလာ ၊ကိုကာ ကိုလာ(Light)နှင့် Sprite တို့ကို နိုင်ငံအဝှမ်း ဖြန့်ချိမည် ဖြစ်သည်။

ပြိုင်ဘက် ပက်စီကုမ္ပဏီက  ပြီးခဲ့သည့်လက ၎င်း၏အချိုရည်အချို့ကို မြန်မာနိုင်ငံတွင် ရောင်းချရန်စီစဉ်နေပြီ ဖြစ်ကြောင်း ပြောခဲ့ရာ ဆယ်စုနှစ် ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် အထီးကျန်ဖြစ်မှုမှ လွတ်မြောက်လာသော မြန်မာနိုင်ငံတွင် ဧရာမအချိုရည် ကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုများ ကြီးမားလာတော့မည် ဖြစ်သည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးအချိုရည် ထုတ်လုပ်သူဖြစ်သော Coke သည် ပင်းယကု မ္ပဏီနှင့် ပေါင်း၍ မြန်မာ နိုင်ငံတွင် အချိုရည် ပုလင်းများသွပ်၍ ထုတ်လုပ်မှု အမြန်ဆုံး စတင်ရန် လုပ်ဆောင်လျက် ရှိသည်ဟု Cokeကပြောသည်။
ဇွန်လက Cokeသည် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းသည် ၎င်း၏လှူဒါန်းမှုများ ပြုလုပ်သော ဖောင်ဒေးရှင်းမှ တစ်ဆင့် NGOတစ်ခုသို့ မြန်မာ နိုင်ငံတွင် အမျိုးသမီးများ ၊ စီးပွားရေး ထူထောင်နိုင်ရန်နှင့် အလုပ်အကိုင် ဖန်တီးရန် ဒေါ် လာ ၃သန်း ခွင့်ပြုခဲ့သည်ဟု ဆိုပါသည်။
သမ္မတ ဦးသိန်းစိန်၏ ဝက်ဆိုက်တွင် စက်တင်ဘာ ၆ရက်နေ့က ဖော်ပြထားသော ထုတ်ပြန်ချက်အရ ကို ကာကိုလာသည် လာမည့်သုံးနှစ် အတွင်း မြန်မာနိုင်ငံတွင် ဒေါ်လာသန်း၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် အလုပ်အကိုင်နေရာ ၂၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဟု သိရှိရသည်။
အဆိုပါ ထုတ်ပြန်ချက်ကို အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး David Carden၊ အမေရိကန် သမ္မတနှင့် အာဆီယံ ၁၀နိုင်ငံ ခေါင်းဆောင် များ ဖွဲ့စည်းထားသော ASEAN Eminent Persons Group တို့ကလည်း ဖော်ပြခဲ့သည်။
သို့သော် Cokeမှ ပြောခွင့်ရပုဂ္ဂိုလ်က အဆိုပါ အစီအစဉ်ကို အတည်ပြုခြင်း မရှိဘဲ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် မည်၍မည်မျှ ရင်းနှီး မြှုပ်နှံ မည် ဆိုသည်ကို အတိအကျပြောရန် စောလွန်းသေးကြောင်း ပြော ကြားခဲ့သည်။ ၎င်းက အဆိုပါ အစီအစဉ်မှာ လာမည့်နှစ်များအတွင်း အရေးကြီးသော ငွေအရင်းအနှီးကို ရင်းနှီးမြှုပ်နှံရန် ဖြစ်ကြောင်း ပြောခဲ့သည်။
Coke၏ ရှယ်ယာသည် နယူယောက် စတော့အိတ်ချိန်းတွင် 17cents သို့မဟုတ် ၀.၄ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ(၃၇.၇၃)တွင် ရှိနေသည်။
From - Yangon Chronicle

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်