Wednesday, September 05, 2012

သမ္မတနှင့် တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမည်

Posted by drmyochit Wednesday, September 05, 2012, under | No comments


လာမယ့် စက်တင်ဘာ ၇ ရက်နေ့ နေပြည်တော်မှာ သမ္မတ နဲ့ တနိုင်ငံလုံးက တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ယောက် ပထမ ဦးဆုံး အကြိမ် တွေ့ဆုံကြမယ်လို့ တိုင်းရင်းသားဝန်ကြီးတွေက ပြောပါတယ်။
ဒီလို တွေ့ဆုံဖို့အတွက် တိုင်းရင်းသားရေးရာ ၀န်ကြီးတွေကို သမ္မတက ကြေးနန်းရိုက် ဖိတ်ကြားခဲ့ တာ ဖြစ်တယ်လို့ ကရင် ပြည်နယ်က မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး နိုင်ချစ်ဦးက ပြောပြပါတယ်။သမ္မတနဲ့ တွေ့ရင် ဘာတွေ တင်ပြမလဲ ဆိုတာ ဆွေးနွေးဖို့အတွက် လာမယ့် စက်တင်ဘာ ၅ ရက်နေ့ ရန်ကုန် မှာ တိုင်းရင်းသားရေးရာ ၀န်ကြီး ၂၉ ယောက် တွေ့ဆုံဖို့ ရှိတယ်လို့လည်း တိုင်းရင်းသားဝန်ကြီးတွေ က ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်