Wednesday, September 05, 2012

တားမြစ်ထားသည့်ကြားမှ သံဃာတော်များ တတိယမြောက်နေ့ သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်ထောက်ခံ ဆန္ဒပြနေ

Posted by drmyochit Wednesday, September 05, 2012, under | No comments

မန္တလေးမြို့တွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း အမိန့်အား စက်တင်ဘာလ ၃ ရက်နေ့ နံနက်(သန်းခေါင်)၁နာရီတွင် ပြန်လည်ပိတ်သိမ်း ခဲ့သော်လည်း စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် သံဃာတော်အပါး တစ်ရာကျော်မှ စီတန်းလှည့်လည်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

“သူတို့ရဲ့အခွင့်အရေးကို ချိုးနှိမ်ခံရတဲ့အတွက် ဆက်လက် ဆန္ဒထုတ်ဖော်ကြတာပဲ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့ သံဃာတွေကို စည်းတွေဘောင်တွေ မကျော်ဖို့အတွက် သတိပေးတာမျိုးနဲ့ ကြီးကြပ်မယ့် သံဃာတော်တွေ စေလွှတ်ထားတာမျိုး ရှိပါတယ်။ ခုလိုဆန္ဒထုတ်ဖော်ဖို့ အတွက် သုံးရက်တင်ပြထားတာပဲ။ ဒါကိုအားပေးထောက်ခံပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်သမ္မတကို ထောက်ခံတာကို တားမြစ်ခံရတာ ဆိုတော့ ကိုယ့်အဖေကို ချစ်တယ်လို့ လူကြားသူကြားမှာ မပြောရဲတဲ့ ကလေးငယ်တွေရဲ့ဘ၀လိုဖြစ်နေတာ အင်မတန် ရင်နာစရာကောင်းပါတယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ပါသည်။
  






0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်