Wednesday, September 05, 2012

အကြမ်းဖက်သမား KIA အဖွဲ့၊ ပြည်သူလူထုအား ဒုက္ခပေး

Posted by drmyochit Wednesday, September 05, 2012, under | No comments


၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မက်လင်ချောင်ကျေးရွာရှိ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသော ရွှေဂေါင် ဂေါင် ကျောက်စိမ်း တူးဖော်ရေး ကျောက်မျက် ကုမ္ပဏီဝန်း အတွင်းသို့ ကေအိုင်အေ(ကချင်) သောင်းကျန်းသူ အဖွဲ့မှ အင်အား (၅)ဦးခန့်မှ လာရောက် မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရှိပါတယ်။
ကေအိုင်အေ(ကချင်) သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီးသွားသော ပစ္စည်းများမှာ EC 290 VOLVO ဘက်ဟိုး (၄)စီး ကျပ် (၆၀၀၀)သိန်း၊ HCR (9) D ဖောက်စက် (၁)စီး ကျပ် (၁၀၀၀)သိန်း၊ HCR (1500) ဖောက်စက်ကြီး (၁)စီး ကျပ် (၃၅၀၀)၊ PDS (655) AIRMAN COMPRESSER (၂)လုံး၊ VOLVO 290 ဘက်ဟိုး အင်ဂျင် (၃)လုံး၊ HO (7) C AIRMAN အင်ဂျင် (၂)လုံး၊ ၁၂ ဘီး မြေသယ်ယာဉ် (၃)စီး၊ A 25 BM VOLVO ခါးချိုး မြေသယ်ယာဉ် (၁)စီး၊ ဖိုးဝှီး ရုံးသုံးယာဉ် (၁)စီး၊ တွင်ခုံ (၂)လုံး၊ ဆီဘောက်ဆာ (၁)စီးနှင့် လူနေအဆောင် (၅)လုံး တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ပျက်စီးဆုံးရှုံး ပစ္စည်းများ၏ ကာလတန်ဘိုးမှာ စုစုပေါင်း ကျပ်သိန်း (၁၄၃၃၀) ခန့်ဖြစ်ကြောင်း သတင်း ရရှိပါသည်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်