မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းသည် မြန်မာ-တရုတ် ဆက်ဆံရေးကို ပြောင်းလဲစေ လိမ့်မည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က တရုတ် ဒုတိယသမ္မတ Xi Jinping နှင့် တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်ဟု ရိုက်တာနှင့်ဆင် ဟွာသတင်းတို့တွင် ဖော်ပြ ထားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တရုတ်ဒုတိယသမ္မတ Xi Jinping တို့သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အကူးအပြောင်းကာလအတွင်း ရောက်ရှိနေသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုး တက်ရေးကို အလေးထား ပါကြောင်း၊ မြန်မာနိုင်ငံ၏ တရုတ် ပေါ်လစီသည် မပြောင်းလဲကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြော ကြားခဲ့သည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ကာလကြာရှည် ထောက်ပံ့ကူညီမှုကို ဘယ်တော့မှ မေ့မည်မဟုတ်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တစ်လျှောက်လုံး မြန်မာနိုင်ငံကို ကမ္ဘာ့ အလယ်တွင် ထောက်ခံကာကွယ်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် ပိုမိုလက်ဦး မှု ရယူနိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ရာတွင် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင် မှုကြောင့် ဥရောပ၊ အမေရိကန်တို့နှင့် ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံ များက လည်း မြန်မာနိုင်ငံအပေါ် ချ မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ဆိုင်း ငံ့မှုများ ပြု လုပ်လာကြသည်။ထို့ပြင် အဆိုပါနိုင်ငံများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်စတင်ပြု လုပ် လာကြသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုသည် တရုတ်ပြည် သူ့သမ္မတနိုင်ငံအတွက် စိုးရိမ်စရာဖြစ်လာစေကြောင်း နိုင်ငံတကာမီဒီယာများက ဖော်ပြလာကြသည်။
သမ္မတဦးသိန်းစိန်သည် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ(နန်နင်း)နှင့် တရုတ်-အာဆီယံ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ သွားရောက် ခဲ့သည်။
ယခုခရီးစဉ်သည် သမ္မတဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင် ပြီးနောက် ပိုင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်သည့် ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။ ပထမအကြိမ်ခရီးစဉ်မှာ ၂၀၁၁ ခုနှစ် မေလတွင် ဖြစ်သည်။
ယခုခရီးစဉ်ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလနောက်ဆုံးပတ်တွင် သွားရောက်ရန် စီစဉ်ထားသည်။
Time in Rangoon

0 comments:
Post a Comment