Sunday, September 23, 2012

ကချင်ပြည်နယ်မှ ကျေးရွာနေ လူထုနဲ့ ဒုက္ခသည်စခန်းများမှ ညဉ်းတွားသံများ

Posted by drmyochit Sunday, September 23, 2012, under | No comments

From : ကချင်နေ့စဉ်သတင်း



 ကချင်ပြည်နယ် ကာမိုင်းမြို့နယ်ခွဲအတွင်းမှာရှိတဲ့ ကျေးရွာနေ ဒေသခံ များအား KIA အဖွဲ့မှ ညနေ(၅)နာရီမှ မနက်(၆)နာရီအထိ တောင်ယာ သွားလာခြင်းများ၊ တောခုတ်ခြင်းများ၊ လယ်ယာလုပ်ကိုင်ခြင်းများ မပြုလုပ် ကြရန်နဲ့ သွားလာပြုလုပ်မှုများကို KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုနှင့် ကြုံတွေ့ပါက မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို ပစ်ခတ်သတ်ဖြတ် သွားမယ်လို့ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ မိရိုးဖလာလုပ်ငန်းများဖြစ်တဲ့ တောင်ယာ ခုတ်ခြင်း၊ လယ်ယာလုပ်ကိုင်ခြင်း နဲ့ တောခုတ်ခြင်းများဖြင့် လုပ်ကိုင်စား သောက်နေရသော်လည်း မိမိတို့ကျေးရွာတွေနဲ့ အလွန်ဝေးကွာတဲ့နေ ရာ တွေမှာ သွားရောက်လုပ်ကိုင်ရသူများအနေနဲ့ ၄င်းတို့အသက်အန္တရယ်အတွက် စိုးရိမ်ပူပန်နေကြရတယ် လို့ သိရပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပေါ်နေတဲ့ လက်တလော ပြဿနာ တွေကတော့ ဒုက္ခသည်တွေကို ဗမာ အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ထောက်ပံ့ပေးအပ်ထားတဲ့ ဆန်၊ ဆီ၊ ဆား အပါအ၀င် အခြား လူသုံးကုန်ပစ္စည်းတွေကို စခန်းတာဝန်ခံတွေက တဖက်လှည့်နဲ့ KIA အဖွဲ့ဝင်တွေထံကို ထောက်ပံ့ပေး ပို့ နေကြ ပါတယ်။ ထိုကဲ့သို့ ထောက်ပံ့ပေးပို့နေတဲ့အတွက် အမှန်တကယ်ဒုက္ခရောက်နေရတဲ့ ဒုက္ခသည်တွေဟာ မိအေးနှစ်ခါ နာရတဲ့အပြင် ဒုက္ခသည်စခန်းတွေက တာဝန်ခံအများစုဟာ ကချင်လူမျိုး KIA လက်သစ်များသာဖြစ်ပြီး KIA အဖွဲ့မှ ဆွေမျိုးများနှင့် တပ်ဖွဲ့ဝင်တွေကို ဒုက္ခသည်စခန်းတွေမှာ လက်ခံပြီး မြို့ပေါ်မှာရှိတဲ့ အစိုးရဌာန အဆောက်အဦများနဲ့ စည်ကားသော နေရာများတွင် အဖျက်မှောက်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဆိုင်းပြင်းလျက် ရှိ တယ်လို့ သိရပါတယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်