Sunday, September 23, 2012

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား

Posted by drmyochit Sunday, September 23, 2012, under | No comments




 မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မ ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို  စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချထားကြောင်းသတင်း ရရှိသည်။

" ညနေ (၅) နာရီခန့်က ဗျိုင်းနက် စိုက်ခင်းအနီးမှာ ဘင်္ဂလီလူတစ်စုကို ကျွဲကျောင်းသား တစ်ယောက်ကမြင်လို့ လန့်ပြီးပြေးလာတယ်။ ရွာသားတွေက လိုက်သွားတော့ ဘင်္ဂလီ (၇) ဦးအပြင် မလှမ်းမကမ်းက နေက်ကလိုက်ပြီးစောင့်ကြည့်နေတဲ့ ဘင်္ဂလီ(၁၀၀)လောက်ကိုလည်း တွေ့ရတယ်။ ရွာသားတွေအင်အားနဲ့ဝိုင်းပြီး မောင်းထုတ်လိုက်တော့ အဲဒီဘင်္ဂလီတွေ ထွက်ပြေးသွားတယ်။

သူတို့ထွက်သွားပြီးနောက်မှာ အ၀တ်ထုတ် (၃) ထုတ်နဲ့ ဓါးတစ်လက်ကျန်ခဲ့တယ်။ စောင့်ကြည့်နေတဲ့ဘင်္ဂလီတွေလည်း ထွက်ပြေးသွားတယ်။" ဟု ရွာသားတစ်ဦးက ပြောသည်။

အိုးပျဉ်တောင် ကျေးရွာသားများက ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်သဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ လုံခြုံရေစခန်းသို့ အကြောင်းကြားလိုက်ခြင်းကြောင့် လက်ရှိတွင် အမှတ်(၅၄၀)တပ်ရင်းမှ လုံခြုံရေး တပ်သား(၇)ဦးခန့် ချထားကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်