Sunday, September 23, 2012

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့

Posted by drmyochit Sunday, September 23, 2012, under | No comments



 မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်း တိုက်တွင်ကျူးကျော်သူများအား ယနေ့ နေ့လည်က သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ သည့် မန်းမြို့တော်ဝန်ကိုကျူးကျော် တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့်အဆိုပါကျောင်းတိုက်တွင် ၁နာရီခွဲကြာ ပိတ်မိနေခဲ့သည်။ ၈၈မျိုးဆက်ကျောင်းသားများဝင်ရောက်ဖြေရှင်းပေးခဲ့မှုကြောင့်ညနေ၃နာရီအချိန်မှအဆိုပါ ကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်းသိရသည်။ ကျူးကျော်သူများပြောင်းရွေ့ ပေးရန် တွေ့ဆုံမှူတွင်ကျူးကျော်နေထိုင်သူများမှ ဖယ်မပေးနိုင်ကြောင်း၊မိမိတို့သည်ဝယ်ယူနေထိုင်သူများဖြစ်ပြဲီးကျူးကျော်နေထိုင်သူများ မဟုတ်ကြောင်း၊ နေစရာလည်း မရှိကြောင်းဖယ်ရှာပေးစေလိုပါကနေစရာအရင်ပေးရန်မြို့တော်ဝန်အား ပြောကြား ခဲ့သည်။ မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင် သေးကြောင်း၊ ကျူးကျော်သူ များကို တွေ့ဆုံရခြင်းသည် ၀ယ်ယူထားသောစာချုပ်များ ကိုကြည့်ပြီးရောင်းချသူများကို တရားစွဲရန်နှင့် တရားစွဲလျှင် လည်း လက်ခံဆောင် ရွက်ပေးသွားမည်ဖြစ်ပြီးသတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့် အတွက် ကျူးကျော် ရပ်ကွက် တွင်ဝယ်ယူနေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော် ၀န်ဦးအောင်မောင်းအား ၀ိုင်းဝန်းပိတ်ဆို့ ထားခြင်းဖြစ်သည်။



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်