Tuesday, September 18, 2012

-လူထုကျန်းမာရေး (ဂေါက် (GOUT) သမား ဝက်သားမစားနှင့်)-

Posted by drmyochit Tuesday, September 18, 2012, under | No comments


**Public Health** ဆရာဝန်များ၏ ပြောပြချက်အရ ငယ်စဉ်ဘဝမှာ ပိုးကြောင့် အဆစ်အမျက်စသည်တို့ ရောင်ရမ်းကိုက်ခဲ ခြင်းကို လေးဖက်နာဟုခေါ်တွင်၍ ကြီးပြင်းသည့်အခါ၌ အိုင်အက်စ်အို(ISO) များခြင်း၊ (ယူရစ်အက်စစ်များခြင်း) ကိုက်ခဲနေခြင်းကို ဂေါက် (GOUT) ရောဂါဟုခေါ်ကြောင်းသိရသည်။ စာရေးသူအပါအဝင် အများအားဖြင့် အဆစ်အမျက်ကိုက်ခဲနေမှု မှန်သမျှကို လေးဖက်နာဟုသာ စွဲခေါ်နေတတ်ကြသည်။ တစ်နေ့တွင် စာရေးသူအိမ်သို့ အသက် (၂၅)နှစ် ဝန်းကျင် မိန်းကလေးတစ်ယောက် ကိစ္စတစ်ခုနှင့်ရောက်လာသည်။ စပ်မိစပ် ရာ ပြောကြရင်းဖြင့် ထိုမိန်းကလေးဆီမှ ဤသို့ သိလိုက်ရသည်။ သူမ ၁၂ နှစ် ၁၃ နှစ်အရွယ်တွင် လေးဖက်နာ သိသိသာသာဖြစ်လာခဲ့ ပါသည်။ 
အထူးကုဆရာဝန်ကြီးတစ်ဦးနှင့်ကုသခဲ့ရာ ဆရာဝန်ကြီး၏ ဂရုတစိုက်ကုသပေးမှု ကြောင့် သက်သာပျောက်ကင်းခဲ့ပါသည်။ ဆရာဝန်ကြီးက ပြောပါသည်။ ယခု ငယ်စဉ်မှာ ဒီရောဂါကို သေချာကုသပါ။ ဆေးမှန်မှန်စား၍ ရှောင်ရန်ဆောင်ရန် တို့ကို တိတိကျကျလိုက်နာပါ။ ယင်းသို့ မလိုက်နာခဲ့လျှင် အသက် (၂၂)နှစ်အရွယ် ရောက်သည့်အခါ နှလုံးရောဂါရလာနိုင်သည်ဟု ပြောပါသည်။ ထို့ကြောင့် ဆရာဝန်ကြီးမှာသည့်အတိုင်း တိတိကျကျလိုက်နာလုပ်ဆောင်ခဲ့ရာ အိုင်အက်စ်အို သိသိသာသာကျဆင်းကာ ပုံမှန်အနေအထား(လူကောင်းတစ်ယောက်၏ အနေ အထား)သို့ ရောက်ရှိသွားခဲ့သည်။ 


သို့ သော် မိုးတွေညို့လာသည့်အခါနှင့် စိုစွတ် အေးစိမ့် လာသည့် အခါတိုင်း တစ်ကိုယ်လုံး ကိုက်ခဲလာပြန်ပါသည်။ ထို့ကြောင့် ဆရာဝန်ကြီးထံ ထပ်ပြပြီး ထပ်မံ စစ်ဆေးခဲ့ပါသည်။ အိုင်အက်စ်အိုမှာ များနေခြင်းမရှိဘဲ ပုံမှန်ပင်ရှိနေသဖြင့် မည်သို့ ဖြစ်ရသည်ကို မတွေးတတ်အောင် ရှိနေခဲ့ပါသည်။ မိုးတွေညို့တိုင်း ကိုက်ခဲမြဲသာ ရှိနေပါသည်။ တစ်နေ့တွင် ရပ်ကွက်တွင်း အတူနေသူ (ဧရာဝတီတိုင်းဒေသကြီး၌ တာဝန်ကျနေသော)အမျိုးသမီးဆရာဝန်နှင့် တွေ့ပါသည်။ ရန်ကုန်သို့ သားဖွား မီးယပ်ပါရဂူဘွဲ့အတွက် စာမေးပွဲ လာဖြေစဉ် တွေ့ရခြင်းဖြစ်ပါသည်။ ခံစားနေရ သော ဝေဒနာနှင့် အဖြေရှာမရသည်ကို ပြောပြရာ ထိုအမျိုးသမီး ဆရာဝန်က ''ဝက်သားရှောင်ကြည့်လိုက်ပါ သက်သာ ပျောက်ကင်းသွားပါလိမ့်မယ်''ဟု ပြော ပါသည်။၎င်းဆရာဝန်ပြောသည့်အတိုင်း ဝက်သားကိုဖြတ်လိုက်ရာ တစ်လထက် တစ်လ သက်သာလာပြီး တစ်နှစ်အတွင်း ကိုက်ခဲမှုဝေဒနာလုံးဝပျောက်ကင်းသွားခဲ့ ပါသည်။ ယခုအခါ ယင်း ''ဂေါက်''ရောဂါလုံးဝပေါ်မလာတော့ပါဟု ပြောသွားပါသည်။ သို့သော် ဆရာဝန်ကြီးမှာထားသော အောက်ပါရှောင်ရန်တို့ကိုလည်း ရှောင်ဖို့လိုအပ်ကြောင်း ပြောပါသည်။ (၁)အလင်းရောင်မရသော မှောင်သည့် နေရာတွင် မနေရန်၊ (၂) စွတ်စိုထိုင်းမှိုင်းသောနေရာတွင် မနေရန်၊ (၃) အအေးမခံဘဲ နွေးနွေးထွေးထွေး နေရန်၊ (၄) ဖုန်ထူသောနေရာနှင့် လူထူသောနေရာ၊ ကားအိပ်ဇောပိုက်မှထုတ် သော အခိုးအငွေ့များသောနေရာ စသည်တို့ကို ရှောင်ရန်၊ (၅) ရေခဲ၊ ရေခဲရေ၊ ရေခဲစိမ်ဘိလပ်ရည်များ မသောက်ရန်တို့ဖြစ်ပါသည်။ 


ဝက်သားရှောင်ခြင်းနှင့်အတူ အထက်ပါရှောင်ရန်တို့ကို ရှောင်ကြဉ်ပါက ဂေါက် (GOUT) ရောဂါနှိပ်စက်ခြင်းမှ ကင်းဝေး နိုင်ကြမည်ဖြစ်ကြောင်း၊ အဓိကမှာ ဂေါက်သမား ဝက်သားမစားရန် လိုအပ်ကြောင်းပင် ဖြစ်ပါသည်။ (အင်တာနက်)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်