Tuesday, September 18, 2012

KIA ဗဟိုကော်မတီဝင်များနှင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့တို့ တွေ့ဆုံ

Posted by drmyochit Tuesday, September 18, 2012, under | No comments




ဂျိပ်လင်း(န်)မြန်မာကုမ္ပဏီဥက္ကဌ ကချင်ပြည်နယ်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ ဦးယွပ်ဇော်ခေါင် ဦးဆောင်တဲ့ အဖွဲ့ဟာ စက်တင်ဘာလ (၁၇) ရက်နေ့က KIO ဗဟိုကော်မတီဝင်များနှင့် လိုင်ဇာမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို လိုင်ဇာမြို့ရှိ လိုင်ဇာဟိုတယ် စတုတ္ထထပ်မှာ ကျင်းပခဲ့ပြီး KIO ဥက္ကဌ ဦးဇောင်းဟားရား ၊ KIA စစ်ဦးစီးချုပ် ဂမ်ရှောင် ၊ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် အပါအ၀င် ကော်မတီ အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ ဦးယွပ်ဇော်ခေါင်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ပေးပို့  ခဲ့တဲ့စာပါ အကြောင်းအရာများနှင့် ပက်သက်ပြီး KIO အဖွဲ့မှ အကြောင်းပြန်ကြားချက် ရရှိရန် အဓိကထား တွန်းအားပေး ပြောဆိုခဲ့ တယ်လို့ သိရပါတယ်။ 

“ ငါတို့ပြည်နယ်မှာ ငါတို့လူမျိုးတွေ တော်တော်များများ ဒုက္ခသည်အဖြစ်ကို ရောက်ရှိနေကြပြီ ၊ စစ်ဘေးစစ်ဒဏ်ကြောင့် စီးပွားရေး မပြေလည်မှုတွေနဲ့အတူ များစွာ အတိဒုက္ခရောက်နေကြပြီ ၊ ပြည်နယ် တစ်ခုလုံးလည်း တိုးတက်ထွန်းကားမှုမရှိတော့ပဲ စစ်တလင်းဖြစ် နေပြီ၊ ယမ်းခိုးယမ်းငွေ့တွေနဲ့ သေနတ်သံ ဗုံဆံ တွေကြားထဲက ပျက်သုန်း သွားခဲ့ရတဲ့ အပြစ်မဲ့ဒို့အမျိုးတွေရဲ့ ခန္ဓာတွေ မြေမှာ ပြန့်ကျဲနေပြီ ၊ အရင်ကလို ကိုယ့်အိမ်မှာကိုယ်နေပြီး ကိုယ့်စီးပွားရေး ကိုယ်လုပ်လို့ မိသားစုတွေ သိုက်သိုက် ၀န်းဝန်း ပြန်နေနိုင်တဲ့ ဘ၀မျိုး ရောက်အောင် ငါတို့တွန်းပို့ကြပါစို့ ” လို့ ဦးယွပ်ဇော်ခေါင် မှတိုက်တွန်း ပြော ကြားခဲ့ပါတယ်။

KIA ဗဟိုကော်မတီဝင်များနှင့် ခေါင်းဆောင်ပိုင်းများကတော့ အစိုးရဘက်မှ ကမ်းလှမ်းချက်များ အား ပြန်လည်ဖြေကြား ခြင်းမရှိခဲ့ပဲ အခြေအနေစောင့်ကြည့်မည်ဟုသာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်