Tuesday, September 18, 2012

ဗြိတိန် နိုင်ငံ၏ နျူကလီးယားဒဏ် ခံနိုင်သည့် ဘန်ကာ မြေအောက် အနက်ပေ ၁ဝဝတွင် တည်ဆောက်ထား

Posted by drmyochit Tuesday, September 18, 2012, under | No comments







(နော့သ်ဝုဒ် စက်တင်ဘာ ၁၆)






ဗြိတိန်နိုင်ငံရှိ အမှတ် ၃၄၅ ပူး ပေါင်းတပ်ဖွဲ့၏ နျူကလီးယား ဒဏ်ခံနိုင် သည့်  ဘန်ကာ တစ်ခုကို လန်ဒန်မြို့ ဆင်ခြေဖုံး ရှိ နော့သ်ဝုဒ်အရပ်ရှိ တောင်စောင်းအောက် ပေ  ၁ဝဝ  အနက်တွင် တည်ဆောက် ထားကြောင်း သိရသည်။
အဆိုပါ အခန်းမှနေ၍ နျူကလီးယား လက်နက်များ သယ်ဆောင်ထားသည့် ရေငုပ်သင်္ဘောများကို ထိန်းချုပ် လျက်ရှိကြောင်း သိရသည်။ အဆိုပါနျူကလီးယား လက်နက် တပ်ဆင်ထားသည့် Vanguard အမျိုး အစားရေငုပ် သင်္ဘော လေးစင်းအနက်မှ  တစ်စင်း သည် Trident IID-5 ဒုံးကျည်များကို သယ်ဆောင်ထား ပြီး  စဉ်ဆက်မပြတ်  ကင်းလှည့် လျက် ရှိသည်။ ၄င်းဒုံးကျည်များသည် ထိပ်ဖူး ၁၂ ခုထိ သယ်ဆောင်နိုင်ပြီး ထိပ်ဖူး တစ်ခုစီ သည် ဟီရိုရှီးမားတွင်  အသုံးပြု ခဲ့သည့်  ဗုံးထက် ၈ ဆပိုမို အစွမ်းထက်ကြောင်း သိရသည်။
၎င်းဘန်ကာ၏ အပူချိန်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားပြီး အဆောက် အအုံအတွင်းရှိ လေကိုပိုမို ဖိအားပေး ထားသည့်အတွက် ဓာတုလက်နက် များဖြင့် တိုက်ခိုက်ခံရပါက ထိခိုက်မည် မဟုတ်ကြောင်း သိရသည်။ ဗြိတိန် ဝန်ကြီးချုပ်က Whitehall အောက်ရှိ ၄င်း၏ ဘန်ကာမှနေ၍ နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်မှု ပြုလုပ်ရန် အတွက် အဆိုပါ  ဘန်ကာသို့  အမိန့်ပေးနိုင် ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်