Tuesday, September 18, 2012

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ အမေရိကန်နိုင်ငံသို့ သွားရောက်

Posted by drmyochit Tuesday, September 18, 2012, under | No comments


နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

"အဓိကကတော့ သမ္မတခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သွား တာ။ နောက် အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်းပါတယ်" ဟုအဆိုပါခရီးစဉ်တွင် လိုက်ပါမည့် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များသို့ သွားရောက် မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှာ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်