Wednesday, September 26, 2012

KIA လိုင်ဇာဌာနချုပ်မှ ဆင်း၍ ဆက်ကြေးကောက်နေ

Posted by drmyochit Wednesday, September 26, 2012, under | No comments



စက်တင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင် KIA လိုင်ဌာနချုပ်မှ ဗိုလ်ကြီးအဆင့်တစ်ယောက်ပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ဆင်ဘိုမြို့နယ်ရှိ ခေါမြေ၀န်းကျင်ရှိ ဧရာဝတီမြစ်ကျဉ်းတစ်လျှောက်တွင် တရားမ၀င် လုပ်ကိုင်နေသော ရွှေမှော်များ၊ သစ်ခိုးထုတ်နေသော အဖွဲ့များထံမှ ဆက်ကြေးကောက်ခံခဲ့ကြောင်း သိရှိရပါတယ်။

ကောက်ခံမှုနှုန်းထားမှာ ဈေးဆိုင်(၁)ဆိုင်လျှင် တစ်နှစ်စာ ငွေကျပ်(၄)သိန်း၊ သစ်ဖြတ်စက်တစ်လုံးလျှင် တစ်နှစ်စာ ငွေကျပ် (၆)သောင်း၊ လူတစ်ဦးလျှင် တစ်နှစ်စာငွေကျပ်(၂)သောင်းနဲ့ ရွှေမှော်တစ်ခုလျှင် တစ်နှစ်စာ ငွေကျပ်(၄)သိန်း   တောင်းခံသွား ကြောင်း သိရှိရပါတယ်။
အဆိုပါနေရာတွင် ရွှေမှော်လုပ်ကိုင်သောလုပ်ငန်း(၂၀)၀န်ကျင်းနဲ့သစ်ဖြတ်စက်(၁၅)လုံး ၀န်းကျင်းရှိကြောင်း ယာဉ်မောင်း တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
``သူတို့ တော်တော် ခိုင်သွားတယ်၊ ကျွန်တော်အထင် သိန်း(၂၀၀)လောက်တော့ရသွားမယ်ထင်တယ်၊ အရင်နှစ်တွေ ကလည်း ကောက်တော့ကောက်တယ် ဒါပေမဲ့ ဒီလောက်မများဘူးလို့ ဆိုင်တွေကပြောတယ်၊ အခုက ရိက္ခာလိုနေလို့  ဆို ပြောပြီး တောင်းတာ´´ ဟု ကုန်ကားသမားတစ်ဦးမှ ပြောပါတယ်။
ဆက်ကြေးကောက်သောအဖွဲ့တွင် လူ(၇၀)ခန့်ပါဝင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များစွာ ပါဝင်ကြောင်းနဲ့ လုပ်ငန်း လုပ်ကိုင်နေသူများမှာလည်း မပေးလျှင် ပစ်သတ်မည်ကို ကြောက်ရွံ့၍ ပေးလိုက်ရကြောင်း သိရှိရပါတယ်။
 
From: ကချင်နေ့စဉ်သတင်း 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်