Wednesday, September 26, 2012

ထိုင်ဝမ် နှင့် ဂျပန် အပြန်လှန် ပစ်ခတ်

Posted by drmyochit Wednesday, September 26, 2012, under | No comments


အငြင်းပွား မှုများ ဖြစ်ပေါ် နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက် လာပြီးနောက် ဂျပန် ကမ်းခြေ စောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။


Photo: Update:
အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ရေပြင်သို့ ထိုင်ဝမ်လှေများ အုံနှင့်ကျင်းနှင့် ဝင်ရောက်လာပြီးနောက် ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် အပြန်အလှန် ရေအမြောက်များဖြင့် ပစ်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်ငါးဖမ်းလှေ (၄၀)ဝန်းကျင်သည် ကမ်းခြေစောင့်လှေများ ခြံရံကာ ဆန်ကာကူ ကျွန်းစုအနီးသို့ အင်္ဂါနေ့ နံနက်ပိုင်းက ဝင်ရောက်လာခဲ့သည်။ ဂျပန်တို့က မိမိတို့ ထိန်းချုပ်ထားသော ရေပိုင်နက်သို့ ဝင်ရောက်လာသည်ဟု အကြောင်းပြကာ ကမ်းခြေစောင့်လှေမှ ရေပက်သည့် အမြောက်များဖြင့် ငါးဖမ်းလှေများထံ လှမ်း၍ ပက်ဖြန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ် ကမ်းခြေစောင့် တပ်များကလည်း ဖိအားမြင့်သည့် ရေပန်းများဖြင့် ဂျပန်တို့အား တုံ့ပြန် ပစ်ခတ်ခဲ့သည်။ ယခုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းသည် ဂျပန်အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အခက်ခဲဆုံး နိုင်ငံတကာ ပြဿနာတစ်ခု ဖြစ်လာပြီး ထိုင်ဝမ်အပြင် တရုတ်နှင့်ပါ ရင်ဆိုင်နေရသည်။
  
အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့် ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများအနီး ဝင်ရောက်လာပြီး ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး ခုတ်မောင်းကာ အခြေအနေ စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော အမည်ကို ဂျပန်က မှည့်ခေါ်ပြီး တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။ ဂျပန်အစိုးရက ဆန်ကာကူ ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ အစောပိုင်းက အတည်ပြု ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်ကို ထိုင်ဝမ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည် ယင်းကိစ္စအတွက် တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။


Photo: ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းများကို ဂျပန်အစိုးရက ဝယ်ယူရန် စီစဉ်နေခြင်းအပေါ် တုံ့ပြန်လာမှုများနှင့် ပတ်သက်ပြီး ပိုမို ရှုပ်ထွေးလာနေဆဲ ဖြစ်သည်။

အင်္ဂါနေ့ နံနက်ပိုင်းက ထိုင်ဝမ် ငါးဖမ်းသင်္ဘော အစင်း(၄၀)ခန့်နှင့် ကမ်းခြေစောင့်လှေ (၈)စင်းသည် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများအနီး ဝင်ရောက်လာပြီး ဂျပန်ကမ်းခြေစောင့် သင်္ဘောများက ယင်းတို့အနီး ခုတ်မောင်းကာ အခြေအနေ စောင့်ကြည့်နေသည်ကို တွေ့ရသည်။ ဆန်ကာကူဆိုသော အမည်ကို ဂျပန်က မှည့်ခေါ်ပြီး တရုတ်တွင် ယင်းကျွန်းကို ဒိုင်အိုယူဟု ခေါ်သည်။ ဂျပန်အစိုးရက ဆန်ကာကူ ကျွန်းစုမှ ကျွန်း(၃)ခုကို ဝယ်ယူမည်ဟု ယခုလ အစောပိုင်းက အတည်ပြု ကြေညာပြီးနောက် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ရေပြင်ကို ထိုင်ဝမ်က ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ဂျပန်သည် ယင်းကိစ္စအတွက် တရုတ်နှင့်လည်း ပြဿနာ ရှိနေဆဲဖြစ်သည်။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်