Wednesday, September 26, 2012

ပြည်တွင်းဈေးကွက်၌ နေ့စဉ်စီးဆင်းနေသည့် ဒေါ်လာငွေကြေးပမာဏ ခုနှစ်သန်း ရှိကြောင်း ဗဟိုဘဏ်ပြောကြား

Posted by drmyochit Wednesday, September 26, 2012, under | No comments





မြန်မာနိုင်ငံတွင်း၌ နေ့စဉ် လည်ပတ်စီးဆင်းနေသော ဒေါ်လာငွေကြေးပမာဏသည် ခုနှစ်သန်းအထိ ရှိသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားကြောင်း Bloomberg တွင် ဆောင်းပါးရှင် Daniel Ten Kate ရေးသားသော သတင်းတစ်ပုဒ်အရ သိရသည်။ ယခင်က အထက်ပါကဲ့သို့ ပြည်တွင်း ဈေးကွက်အတွင်း စီးဆင်းနေသည့် ဒေါ်လာငွေကြေး ပမာဏအား ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ဖူးရာမှ တရားဝင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ယင်းဒေါ်လာ ခုနှစ်သန်းဆိုသည်မှာ Authorized Dealer လိုင်စင်ရဘဏ်များက လဲလှယ်ပေးနေသည့် နှစ်သန်းနှင့် တရားမဝင် ဈေးကွက်မှ ငါးသန်းဖြစ်သည်ဟု ဦးမောင်မောင်ဝင်းက ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် စက်တင်ဘာ ၁၄ ရက်က ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ ဦးမောင်မောင်ဝင်းက ဆက်လက်၍ ၂၀၁၃ ဆီးဂိမ်းအမီ မှောင်ခိုကုန်သွယ်မှု ဗဟိုဘဏ်အနေဖြင့် အဆုံးသတ်စေချင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ ဗဟိုဘဏ်သည် တရားမဝင် ငွေကြေးစီးကြောင်းအား တရားဝင်လမ်းကြောင်းပေါ်သို့ တွန်းတင်ရေးအတွက် ဒေါ်လာဈေးတစ်မျိုးတည်း ဖြစ်စေရေး လုပ်ငန်းစဉ်အဖြစ် ဧပြီ ၁ ရက်မှ စတင်ကာ Authorzied Dealer လိုင်စင်ရရှိထားသော ဘဏ်များထံသို့ ဒေါ်လာကို လေလံပစ်ခြင်းဖြင့် managed float (ထိန်းကွပ်နှုန်းရှင်) စနစ်ကို စတင်ခဲ့သော်လည်း ယခုအချိန်ထိ ပြင်ပဈေးနှင့် တရားဝင်ဈေးသည် ကွာဟမှု ကြီးမားနေဆဲဖြစ်ပြီး ယင်းစနစ် စတင်မည်ဆိုသည့် အချိန်ကတည်းက ပြင်ပဈေးကွက်တွင် စီးဆင်းနေသည့် ပမာဏသည် မှန်းဆရန် ခက်ခဲသည့် အနေအထားဖြစ်ပြီး ဘဏ်များက ဝယ်ယူနိုင်သည့် ပမာဏနှင့် များစွာကွာခြားနေဖွယ်ရာရှိရာ ငွေလဲလှယ်နှုန်းထားချင်း နီးစပ်သွားစေရန် လွယ်ကူမည် မဟုတ်ကြောင်းနှင့် ဒေါ်လာငွေ လဲလှယ် ရောင်းချခွင့်အား ဘဏ်များကို သာမကဘဲ လက်ရှိဈေးကွက် အတွင်း ရောင်းဝယ်နေသူများကိုပါ တရားဝင် ခွင့်ပြုလိုက်ခြင်းဖြင့် အမှန်ဈေးနှုန်းကို ပေါ်ပေါက်စေသင့်ကြောင်း သုံးသပ်ပြောကြားသည်။ ဒေါ်လာငွေကြေး ရောင်းဝယ်သူ လက်ကြီးသမားတစ်ဦးက “အပြင်မှာ ဖြစ်နေတဲ့ဈေးက ပွဲစားတွေက အာချောင်ပြီး လုပ်ထားတဲ့ဈေး မဟုတ်ဘူး။ ရောင်းသူ ဝယ်သူ နှစ်သက်လို့ ဖြစ်နေတာ။ အမှန်တကယ် ဈေးနှုန်းပေါ်စေချင်ရင် ဘဏ်တွေကိုမှ မဟုတ်ဘဲ အားလုံးကို ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးသင့်တယ်။ ဒါဆိုရင် အားလုံးလက်ခံတဲ့ မျှခြေဈေးနှုန်း တစ်ခုတော့ ပေါ်လာမှာပေါ့” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်