Wednesday, September 26, 2012

KIA မှဖမ်းဆီးခေါ်ဆောင်သွားသူများထဲမှ ၃ ဦး ပြန်လည်ထွက်ပြေးလွတ်မြောက်လာ

Posted by drmyochit Wednesday, September 26, 2012, under | No comments





 KIA တပ်မဟာ(၂) တပ်ရင်း(၁၁)မှ စက်တင်ဘာ(၂၂)ရက်နေ့က ဒွန်ဂန်ရွာမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သော လူသစ်(၁၂)ဦး အား သုံးယောက်တစ်တွဲ ကြိုးဖြင့်ချည်၍ ခေါ်ဆောင်သွားရာမှ (၃)ဦး သည် (၂၃)ရက်နေ့ မနက်(၂)နာရီခန့်တွင် ထွက် ပြေး လွတ်မြောက်လာခဲ့ပါတယ်။လွတ်မြောက်လာခဲ့သူ(၃)ဦးမှာ ဒွန်ဂန်ရွာသား လကုန်တန်၊ ဘွန်ခမ်းနဲ့ လဂမ်အောင်တို့ ဖြစ်ကြပြီး လကုန်တန် သည် ဒွန်ဂန်ရွာသို့ ည (၉)နာရီခန့်တွင်ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျန်နှစ်ဦးမှာ KIA တို့ ပြန်လည်ဖမ်းဆီးမည်ကို ကြောက်ရွံ့ပြီး ထွက်ပြေး ပုန်းအောင်းနေကြောင်း သိရသည်။ ဖမ်းဆီးသွားသူ များအား KIA မှ နောက်မှခြေထောက်နှင့်ကန်ခြင်း၊ လမ်းသွားရင်းတွင် သစ်သားစိမ်းများဖြင့် ကျောသို့ရိုက်ခြင်း များပြုလုပ် နှိပ်စက်ခဲ့ပြီး လကုန်တန် ပြန်ရောက်လာချိန်တွင် ဒဏ်ရာများပါလာကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်