Wednesday, September 26, 2012

ဘယ်သူတွေငြိမ်းချမ်းရေးလိုလားသလဲ

Posted by drmyochit Wednesday, September 26, 2012, under | No comments


ငယ်သူငယ်ချင်းတစ်ယောက်ရဲ့သား စစ်ဗိုလ်လေးတစ်ယောက်နဲ့ မြစ်ကြီးနားမှာဆုံဖြစ်တော့ တိုက်ပွဲမှာဒဏ်ရာရလို့ ဆေးရုံတက်ပြီး တပ်ကိုပြန်လာမှာလို့ ပြောတယ်။ အဲ့ဒါနဲ့ KIA နဲ့ တိုက်ပွဲဖြစ်နေ တဲ့ ကိစ္စတွေကို မေးခဲ့ပါတယ်။ မီဒီယာတွေမှာ ရေးထားသလိုမျိုး စစ်တပ်က တစ်ဖက်သတ်ရန်လိုစွာနဲ့ စခန်းတွေတိုက်နေလား ဆိုတဲ့ ပုံစံမျိုးနဲ့မေးတာပါ။ ဒီစစ်ဗိုလ်လေးကပြောတယ်“ဦးလေးရာကျွန်တော် တို့ကို မိမိကိုယ်ကို ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ အထင်အမြင်လွဲမှားစေနိုင်တဲ့ လှုပ်ရှားချီတက်ခြင်းမလုပ်ဖို့ ညွှန်ကြားထားတဲ့အတွက် ညွှန်ကြားချက် အတိုင်းလိုက်နာပါတယ်။ ကျွန်တော်တို့စစ်သည်တွေ သင်တန်းတက်ဖို့၊ ရိက္ခာသွားထုတ်ဖို့ လစာပေး တက်တာတို့တွေတော့ ရှိတာပေါ့။ အဲ့ဒီကိစ္စ၀ိစ္စတွေအတွက် သွားလာတဲ့အခါမှာ ဒီ KIA တွေက စောင့် ပြီး မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်တယ်။ ကျွန်တော်တို့က အထက်ကအမိန့်အတိုင်း လှုပ်ရှား ရှင်းလင်းမှုမလုပ်ဘဲနေတာကို သူတို့က အလစ်ချောင်းပြီးပစ်တယ် စသဖြင့်ပေါ့ ဦးလေးရာ သူတို့က ကျွန်တော်တို့ကို စပြီးအလစ်ချောင်းတိုက်၊ လာရောက်ပစ်ခတ်တာတွေလုပ်တာပါ။ အဲ့ဒီလိုလုပ်ပြီးရင် သူတို့ကစပြီး အော်ရော၊ အဲ့ဒီမှာတင် အမှန်တစ်ကယ်ဖြစ်စဉ်နဲ့ လူထုကြားမှာ ကြားသိရတဲ့ ဖြစ်စဉ်တွေ က ပြောင်းပြန်ဖြစ်သွားရော” လို့ပြောခဲ့ပါတယ်။
          ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း သူကဆက်ပြောခဲ့တယ် “ ကျွန်တော် စစ်သည် တွေထဲက တစ်ယောက်တိုက်ပွဲမှာကျသွားရင် တပ်မှာကျန်ခဲ့တဲ့ သူ့ရဲ့မိန်းမနဲ့ကလေးတွေကို ပြန်ပြေးမြင်မိတယ်။ သူတို့တွေ ဘ၀ကိုဘယ်လိုရပ်တည်မလဲ။ စားဝတ်နေရေး၊ ပညာရေး စသဖြင့်ပေါ့။ ကိုယ်ချင်းစာကြည့်ပါ။ ကျွန်တော်တို့အရာရှိငယ်တွေ၊ တပ်မှူးငယ်တွေတောင် အဲ့ဒီလိုဖခင်စိတ် အစ်ကိုကြီးတစ်ယောက်စိတ်ထားမျိုးရှိရင် တပ်မတော်ရဲ့ထိပ်ဆုံးပိုင်းမှာ တာဝန်ယူနေရတဲ့ ကျွန်တော် တို့ခေါင်းဆောင်တွေ ဘယ်လောက်တောင်တိုင်းပြည်ငြိမ်းချမ်းစေချင်လဲ၊ ငြိမ်းချမ်းရေးကို လိုလားသလဲ လို့တွေးမိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့စစ်သားတွေ ငြိမ်းချမ်းရေးလိုလားသလား၊ မလိုလားဘူး လားဆိုတာ ကိုယ်ချင်းစာကြည့်ပေါ့ဗျာ” လို့ပြန်ပြောတယ်လေ။ သူတို့ရဲ့ခံစားချက်ကို ကိုယ်ချင်းစာနိုင်၊ စဉ်းစားနိုင်အောင် တစ်ဆင့်ဖောက်သည်ချပေးတာဖြစ်ပါတယ်။
မိုးညှင်းသား

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်