Sunday, November 18, 2012

ကြောက်မက်ဖွယ် မွတ်ဆလင်ရိုဟင်ဂျာ အကြောင်း တစေ့တစောင်း(၁)

Posted by drmyochit Sunday, November 18, 2012, under | No comments


အေဒီ ၁၄၃၀-တွင် မြန်မာ့တိုင်းရင်းသား ရခိုင်တို့သည် မြောက်ဦးမြို့တည်၍ မြောက်ဦး ခေတ်ကို စတင် တည်ထောင်ခဲ့ပါသည်။ မြောက်ဦးခေတ်တွင် ရခိုင့်တပ်မတော်၌ အာရပ်မှ စစ်သည် တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်တို့ပါ အမှုတော်တမ်းခဲ့သည်ကိုတွေ့ရှိရသည်။ ယင်းအာရပ်မှ စစ်သည်တော်မျိုးဆက် အများစုမှာ သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ ပတ်ဝန်းကျင်တွင် နေထိုင်ကြပါသည်။ ယင်းမှအစပြု၍ ရခိုင်ပြည်နယ်မှာ မူဆလင်ဘာသာဝင်များ အခြေချ နေထိုင်ခဲ့ကြပါသည်။ မိမိကိုယ်မိမိ ရိုဟင်ဂျာဟု ကြွေးကြော် နေသူများမှာ ၁၈၂၅-နောက်ပိုင်း မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးမှ ၀င်ရောက်လာသော မူဆလင်ဘာသာ ကိုးကွယ်သည့် စစ်တကောင်း တောင်တန်းနေ မူဆလင်ဘင်္ဂလီလူမျိုးများဖြစ်သည်။
၁၈၂၅-တွင် ရခိုင်ပြည်နယ်၌ မူဆလင်ဦးရေ ၃၀,၀၀၀ ရှိခဲ့ရာမှ ၁၉၃၀ ပြည့်တွင် ၂၁၇၈၀၀-ရှိခဲ့ရာ ဗြိတိသျှအစိုးရက မူဆလင်ဦးရေ တိုးလာမှုကိစ္စကို စိုးရိမ်လာသောကြောင့် အခြေအနေ စုံစမ်းရန် ၁၉၃၉ ၌ စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က မူဆလင်ဦးရေ အတားအဆီးမရှိ တိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါ၌ လူမျိုးရေး ပဋိပက္ခများ ဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်ကြောင့် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ အစီရင်ခံသည့် အတိုင်းပင် ၁၉၄၂-တွင် ကုလား-ရခိုင်အဓိကရုဏ်း ဖြစ်ခဲ့လေသည်။ မောင်တောမြို့နယ်ရှိ ရခိုင်ရွာအားလုံး ဖျက်ဆီးခံရသည်။ ရခိုင်တချို့မှာ အင်္ဂလိပ်ပိုင်နက် ဒိန်နာဂ်ျပူသို့ထွက်ပြေးခဲ့ကြရသည်။

ယုတ်မာသည့်စီမံကိန်းနှင့်လုပ်ရပ်

၁၉၄၂-ဂျပန်များဝင်လာသောအခါ ရခိုင်များကို သတ်ဖြတ်ခဲ့သော ကုလားအဖွဲ့သည် ဘာသာရေး အသွင်ပြောင်းကာ ဂျမေယာတူ အိုလမာအသင်းကို ဖွဲ့စည်းကြသည်။ အဖွဲ့ဥက္ကဋ္ဌမှာ အုံမော်မျာ (ဘီအေဘီအယ်လ်) ဖြစ်သည်။ အုံမော်များအဖွဲ့သည် ပါကစ္စတန်မှ အော်လနာမူဟာ မတ် မူဇဟတ်ခန်နှင့် မော်နာအီဗြာဟိန်းတို့ကိုခေါ်၍ မူဂျာဟိန်းအဖွဲ့ ဖွဲ့စည်းကြသည်။ ရခိုင်ပြည်နယ် ကို မြန်မာနိုင်ငံမှ ခွဲထွက်ပြီး ဘင်္ဂလားဒေရှ်နိုင်ငံသို့ ထည့်သွင်းရေး အစီစဉ်ပင်ဖြစ်သည်။ စစ်ရေးအရ မိမိတို့မြန်မာစစ်တပ်နှင့် မယှဉ်ပြိုင်နိုင်သော မူဂျာဟိန်းတို့သည် အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရလို၍ မစ္စတာဂေါ်ဖားက ရိုဟင်ဂျာဟူသော လူမျိုးသစ်တခု ကို ၁၉၅၀- စက်တင်ဘာလထုတ် ဂါဒီးယန်းသတင်းစာတွင် အသက်သွင်းခဲ့သည်။
သို့သော် ၁၉၅၁- ဇွန်လတွင် ကျင်းပခဲ့သော အလယ်သံကျော် မူဆလင်ညီလာခံကမူ ရိုဟင်ဂျာမဟုတ်ဘဲ ရခိုင်မူဆလင်လူမျိုးဟု ခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရခိုင်တိုင်းရင်းသားတို့ က ငါတို့ရခိုင်ပြည်နယ်တွင် မူဆလင်ဘာသာဝင် မရှိဟု ပြောလာကြသောအခါ ရိုဟင်ဂျာဘက်သို့ ဖေါက်ထွက်ရန် ထွက်ပေါက်ရှာလာကြသည်။ ၁၉၆၀-ပတ်ဝန်းကျင်တွင် ရိုဟင်ဂျာသတင်းစာ၊ ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာကျောင်းသား အသင်းထိ လှုပ်ရှားလာခဲ့ကြသည်။ ၁၃၊ ၅၊ ၈၈ - နေ့က မောင်တောမြို့နယ်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော ကုလားလှုပ်ရှားမှုတခု ဖြစ်ပွားခဲ့သည်။ ကုလား ၅၀၀၀၀-ခန့်သည် မောင်တောမြို့ကို အရပ်ရှစ်မျက်နှာမှ ၀ိုင်းပြီးဟစ်အော်ကြွေးကြော် မီးရှို့သတ်ဖြတ်ရန် ချီတက်လာ ခဲ့ကြသည်။
လှုပ်ရှားမှုမှာ ညနေရှစ်နာရီခွဲမှ နောက်တနေ့နံနက် ၃-နာရီခွဲအထိကြာခဲ့သည်။ သူတို့ ဘာသာစကားဖြင့် ဘုရားသခင် အလိုကျ တိုက်ပွဲဝင်ကြ၊ လူမျိုးခြား ဘာသာခြားတွေကို သတ်ဖြတ်ကြ၊ ဒီလိုသတ်ဖြတ်မှ ငါတို့အလ္လာသခင်ရဲ့ အလိုကြဖြစ်မှာပဲ၊ မင်းတို့ မြန်မာပြည်ကို ငါတို့ပြည် ဖြစ်ရမည်ဟူ၍ ဟစ်အော်ကြပြီး ဗုဒ္ဓဘာသာဝင်ဗမာနှင့် ရခိုင်တို့ကို သတ်ဖြတ်နှိပ်စက်ကြလေသည်။၁၉၄၂-မတိုင်မှီက မောင်တောမြို့နယ်အတွင်း တည်ရှိခဲ့သော ရခိုင်ရွာပေါင်း ၁၉၅-ရွာမှာ ၁၉၉၂ တွင် ၄၆-ရွာသာ ကျန်ပါတော့သည်။ ကျန်ရွာများအား မူဆလင်များက လူဦးရေအသာစီးရမှုဖြင့် သိမ်းပိုက်ခဲ့ကြပါသည်။ ဤသည်မှာ ရိုဟိန်ဂျာဆို သူများပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းဖြစ်သည်။

လိမ်လည်ခြင်းနှင့်ဟန်ဆောင်ခြင်းနောက်ကွယ်မှ
ရိုဟိန်ဂျာဟူသော အသံသည် ၁၉၈၈ လူထုအုံ-ကြွမှုနှင့် ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း အော်ကြီးဟစ်ကျယ် ထွက်ပေါ်လာမှုနှင့်အတူ “ရိုဟိန်ဂျာအမည်ခံ” ဘင်္ဂလီမူဆလင်များ၏ စတန့်ထွင် လုပ်ဇာတ်ခင်းမှုများလည်း Media များမှတဆင့် ပလူပျံထွက်ပေါ်လာပါသည်၊၊ မိမိတို့၏သမိုင်းမှန်၊ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်၍ သမိုင်းလိမ်၊ ဖြစ်ရပ်လိမ်များ အစားထိုး တင်ပြကာ “ရိုဟိန်ဂျာ” အမည်ကိုသုံး၍ လူမျိုးသစ်ဖန်တီးရေးနှင့် နိုင်ငံသစ် ထူထောင်ရေး လုပ်ငန်း များစနစ်တကျ အကွက်ချ လုပ်ကိုင်လာကြပါသည်၊၊
၁၉၉၀ ရွေးကောက်ပွဲတွင် ရိုဟိန်ဂျာအမည်သုံး၍ ရွေးကောက်ပွဲဝင်ခဲ့မှု မရှိခဲ့ပေ။ ၁၉၈၈ လူထု အုံကြွမှုတွင်လည်း ရိုဟိန်ဂျာအမည် အသုံးမပြုခဲ့ကြပေ၊၊ ၁၉၉၁-တွင် မူဆလင်အများအပြား ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုင်းပြီး ယင်းဘင်္ဂလားဒေ့ရှ်ရှိ ဆင်းရဲသားများ၊ အခြေမဲ့အနေမဲ့များနှင့် ပူးပေါင်းကာ မြန်မာစစ်သားများက နှိပ်စက် ညှင်းပမ်းမှုကြောင့် လူ (၂၀၀၀၀၀) ကျော်ထွက်ပြေး ရကြောင်း လိမ်ညာစာရင်းပြကာ ရိုဟိန်ဂျာ အမည်ကို ကမ္ဘာကျော်အောင်နည်းမျိုးစုံ လုပ်ကြံဖန်တီး လာကြပါသည်။
၁၉၉၀-တွင် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံထားရသော မူဆလင်များအား ရွေးကောက်ပွဲဝင် ခွင့်ပြုခဲ့သည်ကို ရိုဟိန်ဂျာအမည်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့ရသလိုလို လိမ်လည် လှည့်ဖြားလာကြပါသည်။ ဘာသာရေးအစွန်းရောက်တချို့၏ ဤကဲ့သို့ လုပ်ကြံဖန်တီးမှုများ အစပိုင်းတွင် အောင်မြင်သယောင်ယောင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိမ်ကောလာပြီ ဖြစ်သည်။
သနားလို့အရိပ်ပေး၊အခက်ချိုးသည့်မွတ်ဆလင်

အင်္ဂလိပ်အုပ်ချုပ်မှု လက်အောက်၌ လယ်ကူလီများအဖြစ် ရခိုင်ပြည်နယ်သို့ လာရောက်လုပ်ကိုင် လာခါစ၌ စီးပွားရေးနှင့် ဘ၀ရပ်တည်ရေး ရည်မှန်းချက်သာ ရှိကြသဖြင့် ဒေသခံဗုဒ္ဓဘာသာဝင် ရခိုင်များက လူသားချင်းစာနာ၍ အမှတ်မထင် လက်ခံထားခဲ့ကြသည်။ နောက်ပိုင်း ဘင်္ဂလားဒေသမှ ရခိုင်ပြည်နယ်ဘက်သို့ ယင်းဘင်္ဂလီမူဆလင်များ မတရားလိမ့် ၀င်လာမှုကြောင့် အင်္ဂလိပ်အစိုးရ ကိုယ်တိုင် စိုးရိမ်၍ လူဦးရေစာရင်း စစ်တမ်းများ လုပ်လာခဲ့ရသည်၊၊ ရခိုင်ပြည်နယ်၌ လူဦးရေအလုံးအရင်းဖြင့် အခြေချနေထိုင်ခွင့်ရပြီးနောက် ဘာသာရေး အစွန်းရောက်များနှင့် နယ်မြေချဲ့ထွင်ရေး မူဆလင် ခေါင်းဆောင်များ နိုင်ငံရေးဘက် သို့ ဦးတည်လှုပ်ရှားလာခဲ့ပြီး သူတို့ကိုသူတို့ ဒေသခံတိုင်းရင်းသား၊ ရိုဟိန်ဂျာများဖြစ်ကြောင်း လိမ်လည်လှည့်ဖြား တင်ပြလာကြပါသည်။
စစ်တကောင်းဒေသမှ ယင်းဘင်္ဂလီ မူဆလင်များသည် ယနေ့ထက်ထိလည်း မြန်မာ ပြည်ထဲသို့ နည်းမျိုးစုံ ခိုးဝင်နေကြရုံသာမက အာဏာပိုင်များအား လာဘ်ထိုး၍ ရခိုင်တိုင်းရင်းးသားတို့၏ စီးပွားရေးကို ချုပ်ကိုင်ဖို့ ကြိုးစားနေကြသည်ကို တွေ့ရှိရပါသည်။ အစပိုင်းတွင် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားများက ရိုဟိန်ဂျာအမည်နှင့် သူတို့နိုင်ငံရေး အရတိုက်ပွဲဝင်မှုကို လက်ခံရန် ရခိုင်တို့အား ဖိအားပေးမှုများ ရှိခဲ့သည်။ နိုင်ငံတကာ NGO များမှလည်း လူ့အခွင့်အရေး ရှုထောင့်မှနေ၍ ရိုဟိန်ဂျာ ဆိုသူများအား အသိအမှတ်ပြုမှုများ ရှိလာသည်သာမက ရခိုင်တို့အားလည်း ရိုဟိန်ဂျာအမည်နှင့် နိုင်ငံရေး အရတိုက်ပွဲဝင်မှုများကို အသိအမှတ်ပြုကာ ရိုဟိန်ဂျာဆိုသူများနှင့် လက်တွဲတိုက်ပွဲဝင်ရန် နည်းမျိုးစုံ ဖိအားပေးမှုများ လုပ်လာခဲ့ပါသည်၊၊ နောက်ပိုင်း မြန်မာနိုင်ငံ ဒေသခံတိုင်းရင်း သားများက သူတို့၏ လိမ်လည်ခြင်းနှင့် ဟန်ဆောင်မှုများကို သိလာရ သောအခါ ရိုဟိန်ဂျာအမည်နှင့်တကွ သူတို့၏ နိုင်ငံရေးအရ ရပ်တည် တိုက်ပွဲဝင်မှုများကိုပါ လုံးဝ အသိအမှတ်မပြု ဖြစ်လာကြသည်၊၊ ယင်းရိုဟိန်ဂျာ အမည်ခံများသည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ပြည်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ လှေစီးဒုက္ခသည်ပုံစံမျိုးဖြင့် အလုံးအရင်းဖြင့် ၀င်ရောက်ခြင်းများ ပြုလုပ်လျက် ယင်းနိုင်ငံများ၌လည်း လူမှုရေးနှင့် ဘ၀ရပ် တည်ရေးအပါအ၀င် နိုင်ငံရေးအရ ကြွေးကြော်တိုက်ပွဲဝင်မှုများ ပြုလုပ်လာကြပါသည်။

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်