Sunday, November 18, 2012

ရထားတိမ်းမှောက်ကာ မီးကူးစက်လောင်ကျွမ်းမူအဖြစ်မှန် စုံစမ်းဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

Posted by drmyochit Sunday, November 18, 2012, under | No comments


 ပြည်ထောင်စု အစိုးရအဖွဲ့၏ နိုဝင်ဘာ ၁၂ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် (၇၉/၂၀၁၂) ဖြင့် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် အဖွဲ့ဝင် ခုနှစ်ဦးပါဝင်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအနီး၌ မန္တလေး-မြစ်ကြီးနား ကုန်တင်ရထား လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယိုဖိတ်လာသည့် ဓါတ်ဆီများအား ရွာသားအချို့ ခပ်ယူစဉ် မီးကူးစက် လောင်ကျွမ်း၍ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေဖြင့် အဖွဲ့၏ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာ ၂၃ ရက် နောက်ဆုံးထား၍ တိုက်ရိုက်တင်ပြ အစီရင်ခံရမည် ဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်