Sunday, November 18, 2012

ဘင်္ဂါလီတွေ ဝင်ခွင့်ပြုဖို့ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို

Posted by drmyochit Sunday, November 18, 2012, under | No comments


မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်ဒေသတွင် လူအုပ်စုချင်း အကြမ်းဖက်မှုကြောင့် ရေလမ်းမှ ထွက်ပြေးလာကြသော ဘင်္ဂါလီမွတ်စလင်များအတွက် နယ်စပ်ဒေသကို လမ်းဖွင့်ပေးထားရန် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တောင်းဆိုခဲ့သည်။ ရခိုင်ဒေသတွင် ဖြစ်ပွားသော ယင်းပဋိပက္ခကြောင့် ဘင်္ဂါလီများက မှောင်ခိုစက်လှေများဖြင့် ဘင်္ဂလားပင်လယ်အော်ကို စွန့်စားဖြတ်ကျော် ထွက်ပြေးနေကြမှုကို စိုးရိမ်ပူပန်မှုရှိနေကြောင်း ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်က ဘင်္ဂလားပင်လယ်အော် အတွင်း၌ လူ ၂၄၀ လိုက်ပါလာသော လှေနှစ်စီး နစ်မြုပ်ခဲ့ရာ အဆိုပါ လူ ၂၄၀ တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီမွတ်စလင်များလည်း ပါဝင်ကြောင်း၊ လူ ၄၀ ခန့်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး လူ ၂၀၀ ပျောက်ဆုံးနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆိုပါ ကုလသမဂ္ဂအဖွဲ့၏ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကော့က်ဘဇား ဒုက္ခသည်စခန်း နှစ်ခု၌ တရားမဝင် မှတ်ပုံတင်ထားသော ဘင်္ဂါလီ ၃၀၀၀၀ ကို လက်ခံထားရှိသည်။ သို့သော်လည်း အခြားဘင်္ဂါလီ ၂၀၀၀၀၀ ခန့်မှာ တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ယာယီတဲစခန်းများဖြင့် ဖြစ်သလို နေထိုင်လျက် ရှိကြသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုကဲ့သို့ ပွင့်လင်းရာသီတွင် ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း၌ ယခုကဲ့သို့ အခြားနိုင်ငံများသို့ အလုပ်အကိုင် အခွင့်အလမ်းအတွက် တရားမဝင် ခိုးထွက်သူများနှင့် ခိုလှုံသူများက တရားမဝင် ငါးဖမ်းလှေများနှင့် စွန့်စား၍ သွားလာလေ့ ရှိကြသည်။ ပြီးခဲ့သောနှစ် ပွင့်လင်းရာသီတွင် အဆိုပါ ဘင်္ဂလားပင်လယ်အော်ဒေသမှ လူပေါင်း ၇၀၀၀ မှ ၈၀၀၀ အထိ အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ခိုးထွက်ခဲ့ကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ သတင်းထုတ်ပြန်ထားကြောင်းသိရှိရသည်။
  

 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်