Sunday, November 18, 2012

လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်လျက်ရှိ

Posted by drmyochit Sunday, November 18, 2012, under | No comments


ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် မေလမှ စတင်၍ လက်ရှိအချိန်ထိ ဥပဒေချိုးဖောက်မှုနှင့် အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ အရေးယူခြင်းတို့ ဆောင်ရွက်ခဲ့ရာ တရားခံ ၁၀၈၁ ဦးအား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး ၉၄၀ ဦးတို့အား ထိရောက်စွာ ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နိုင်ခဲ့ကာ ၁၄၁ ဦးတို့အား ဆက်လက်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန်အတွက် နိုဝင်ဘာ ၃ ရက်မှ စတင်ပြီး တရားမဝင် ကိုင်ဆောင်သော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို နီးစပ်ရာ ရဲစခန်း၊ လုံခြုံရေး အဖွဲ့များထံသို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံး အပ်နှံစေခဲ့ရာ တူမီး ၇၂၆ လက်၊ ဓါး ၁၃၀ လက်၊ လှံ ၅၀၆ လက်၊ လေး ၁၁၂ လက်၊ မြား ၆၁၁ ချောင်း၊ ဂျင်ကလိ ၁၄၀၈ ချောင်းနှင့် လေးခွ ၃၉၈ လက်နှင့် ဆက်စပ်ပစ္စည်းတို့အား လာရောက်အပ်နှံခဲ့ကြောင်း သိရှိရသည်။ သို့သော် အချို့မှာ ရန်ပြုလိုသောစိတ်ဖြင့် သတ်မှတ်ရက် ကျော်လွန်သည်အထိ လာရောက်အပ်နှံခြင်း မရှိကြောင်း သတင်းများ ရရှိခဲ့သဖြင့် သတ်မှတ်ရက်အတွင်း အပ်နှံမှုမရှိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေဖော်ထုတ်ပြီး ကိုင်ဆောင်သူ၊ လက်ဝယ်ရှိသူ၊ ပတ်သက်မှုရှိသူများကို ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်