Saturday, January 05, 2013

မီးလောင် မှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံး

Posted by drmyochit Saturday, January 05, 2013, under | No comments


ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွယ်ကုန်းကျေးရွာ အုပ်စု ပန်စလော့ ကျေးရွာတွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က မီးလောင်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ပန်စလော့ ကျေးရွာနေ ဌေးအောင် ၄၅ နှစ် (ဘ) ဦးဟန်ညွန့်သည် ဇနီးဖြစ်သူ မဥမ္မာ ဝင်း ၃၂ နှစ် (ဘ) ဦးပို နေအိမ်အတွင်း မီးဖို ပေးခဲ့ပြီး ထင်းခုတ် သွားရာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် မဥမ္မာဝင်း အိမ်သာ သွားနေစဉ် ထင်းမီးဖို မီးပွားစများမှ စောင်သို့ ကျရောက်ပြီး မီးကူးစက် လောင်ကျွမ်း ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများမှ ဝိုင်းဝန်း ငြှိမ်းသတ်သဖြင့် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်း သွား ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် သက်ငယ်မိုး ထရံကာ နေအိမ် တစ်လုံးနှင့် သားဖြစ်သူ နေလင်းအောင် တစ်နှစ်နှင့် ကိုးရက်သား သမီးငယ် တစ်ဦးတို့ မီးလောင်သေ ဆုံးသွားခဲ့သည်။

မီးကို ပေါ့ဆစွာ အသုံးပြုသူ ဌေးအောင်အား မိုင်းလုံ ရဲစခန်းမှ (ပ) ၁၃/ ၂ဝ၁၂၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅/ ၃ဝ၄ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်