Saturday, January 05, 2013

အမှိုက်သွန်ခိုင်းလို့ အမေကိုသတ်

Posted by drmyochit Saturday, January 05, 2013, under | No comments

ဇန်န၀ါရီ ၂ အင်ဒီ ယာနာပြည် နယ် အင်ဒီ ယာနာ ပိုလိစ် ရဲတပ် ဖွဲ့၏ ပြောကြား ချက်အရ လူငယ် တစ်ယောက်သည် မိခင်ဖြစ် သူက အမှိုက် ထွက်သွန် ခိုင်းရာမှ လူသတ်မှုကို ကျူးလွန် ခဲ့ကြောင်း သိရသည်။

ထိုလူ ငယ်သည် အမှိုက်ပုံးကို မိခင်ဖြစ်သူက အပြင်သို့ထွက်သွန်ခိုင်းရာ ဒေါသ ထွက်ပြီး သေနတ်ဖြင့် ပစ်ခြင်းဖြစ် သည်ဟု ဆိုသည်။

အသက် ၃၆ နှစ်အရွယ်ရှိ အဲရစ် ဘိုးမန်းဆိုသူသည် အသက် ၅၄ နှစ်အရွယ် မိခင် ပေါ်လာဒေးကို တရား မ၀င် ကိုင်ဆောင် ထားသည့် သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်။

ဘိုးမန်းသည် မိခင်ကို သေနတ်ဖြင့် ပစ်ပြီးနောက် မော်ဂန်ကောင်တီမြို့သို့ ထွက်ပြေးကြောင်း၊ ဘရွတ် ကလင်မှ ရဲအရာရှိ သူ့ခြေထောက်ကို ပစ်ခတ်ကာ ဖမ်းဆီး ခဲ့ရကြောင်းသိရသည်။

ရဲအရာရှိ အဒမ်က “အမှိုက်လေးသွန်ခိုင်းတာနဲ့ ဘာကြောင့် အဲဒီလောက် ပေါက်ကွဲရတာလဲ ကျွန်တော် တော့ နားမ လည်တော့ဘူး။

သူ့အမေကိုဗျာ မသေမချင်း ပစ်သတ်သွားတာ” ဟုဆိုသည်ဘိုးမန်းသည် မိသားစုဝင်များနှင့်
ကလေးများရှိနေသည့် ရှေ့တွင်ပင် မိခင်ကို ရက်စက်စွာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းများက ပြောကြားရာတွင် ကွယ်လွန်သူ ပေါ်လာဒေးသည် အိမ်နီးချင်းများ ကို အကူအညီပေးတတ်ပြီး ချစ်ခင်ဖွယ်ရာကောင်းသည်ဟု သိရသည်။ 


မောက္ခနိုင်ငံတကာသတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်