Saturday, January 05, 2013

တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်

Posted by drmyochit Saturday, January 05, 2013, under | No comments

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့တွင် ငွေလဲ လုပ်ငန်း လုပ်ကိုင် သည့် အမျိုး သမီး တစ်ဦးအား ဓါးပြတိုက် သတ်ဖြတ် မှုတခုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

“နန်းမွေခမ်း အသက် ၂၉ နှစ် ။ ငွေလဲလုပ်ငန်း လုပ်တာလေ။ မနေ့ ညနေ ၅နာရီခွဲလောက် အိမ်ပြန် ချိန်မှာ လူ ၂ ယောက်က လမ်းမှာ စောင့်ပြီး ဓါးပြ တိုက်တယ်။ သတ်လည်းသတ်သွားတယ်” ဟု မူစယ် ဒေသခံ စိုင်းယီ့ က ပြောသည်။

အဆိုပါ ဓါးပြ ၂ ယောက်က နန်းမွေခမ်းအား ဓါးပြတိုက်ယူရာ တရုတ်မြန်မာငွေပေါင်းကျပ်သိန်း ၂၅၀ နှင့် ၃၀၀ ကြား ပါသွားသည်ဟုလည်း ဆိုပါသည်။နန်းမွေခမ်း အား ခေါင်း၌လည်း တူဖြင့်ထုထားပြီး ရင်ဘတ်
သို့ သေ နတ် ၂ ချက် ဆင့်ပစ်ထားကြောင်း မျက်မြင်များက ပြောပြသည်။

“ဓါးပြတိုက်တဲ့လူက ၂ ယောက်အဖွဲ့က များတယ်။ ၃ ယောက် ၄ ယောက်အထိရှိတယ်။ လုတာယက် တာဆို ရင်တော့ တယောက်ဘဲ။ အိတ်လုပြေးတာတွေလည်း ရှိတယ်။ ငွေလဲဆိုင်ထဲဝင်ပြီး ဓါးပြတိုက် တာ လည်း ရှိတယ်။

များသောအားဖြင့်တော့ အခုလို ညနေခင်း အိမ်ပြန်ချိန်မှာလုကြတာ များတယ်။ပြီးရင်လဲ ဓါးပြတွေကို ဖမ်းမိ တာ ဘာညာမကြားဖူးဘူး။ တချို့ကလည်းအဲဒီဓါးပြတွေက ရဲတွေထဲက အသိလို့ ပြောလိုပြော၊တချို့က လည်း တရုတ်ကိုင်းဖိ လူငယ်တွေလို့လည်း ပြောလိုပြောနဲ့ ဖမ်းမိတာလဲမရှိတော့ ဘယ်သူတွေလဲ မသိရ ပါဘူး။ သေချာတာတခုကတော့ လောင်းကစားဝိုင်းတွေများတယ်။ လောင်းရှုံးလို့ တိုက်ကြတယ်။

မူးယစ်ဆေး သုံးတဲ့လူတွေကနေ တိုက်ကြတယ်” ဟု ဈေးသည်အမျိုးသမီးကလည်း ပြောပါသည်။


သတ်ဖြတ်ခံရသည့်နေရာ

မည်သို့ပင်ဆိုစေ လောင်းကစားဝိုင်းမျိုးစုံရှိသော ငွေဆင်ရာ ခေါ် Royal Club ကဲ့သို့ နေရာများ အားသက် ဆိုင်ရာမြို့နယ်အာဏာပိုင်များမှ အလေးထား စစ်ဆေးပေးသင့်သည်ဟုလည်း မူဆယ်မြို့ခံကိုနေက ပြောပါ သည်။

တရုတ်နယ်စပ် မူစယ်မြို့၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ၊ ရွှေဆိုင်ပိုင်ရှင် အစရှိသည်များအား မကြာခဏ ဓါးပြတိုက်လေ့ ရှိရာ ယမန်နှစ် ဂျန္နဝါရီလက စံပယ်ရွှေဆိုင်ပိုင်ရှင် သားအမိအား ဓါးပြတိုက် သတ်ဖြတ် မှု(ကျပ်သိန်း နှစ်ထောင်ဆုံးရှုံး၊လူတစ်ဦးသေဆုံး)နောက်ပိုင်း ယခုတကြိမ် ဓါးပြတိုက်မှုမှာလည်း တန်ဖိုးကြီး ဆုံးရှုံးမှု တစ်ခုဖြစ် သည်ဟုလည်း ဒေသခံများက ပြောပါသည်။

သို့သော် ဓါးပြတိုက်လုယက်မှုမှာ လတိုင်းနီးပါးကဲ့သို့ ရှိနေကြောင်းလည်း ဒေသခံများက ပြောပါသည်။

သျှမ်းသံတော်ဆင့်



ဓါးပြတိုက်သတ်ဖြတ်ခံရသူ နန်းမွေခမ်း


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်