Saturday, January 05, 2013

ငါးမွေးမြူရေးကန်အတွင်း အမျိုးသမီးအလောင်း တွေ့ရှိ

Posted by drmyochit Saturday, January 05, 2013, under | No comments

၃-၁-၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန်နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရုံးအမှတ်(၃၇)၊ စက်မှုညွှန်ကြား မှုဦးစီး ဌာန ရုံး ငါးမွေးမြူရေး ကန်တွင် အမျိုး သမီး တစ်ဦးရေ နစ်သေ ဆုံးနေကြောင်း သတင်း အရ ဘုရား ကုန်းရဲ စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရုံးမှ နေ့စားဝန်ထမ်းဖြစ်သူ ဇမ္ဗူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိရပ်ကွက်နေ မနီလာမြင့်(၂၆)နှစ်၏ အလောင်းကို ရေကန် အတွင်းတွေ့ ရှိရပြီး ကန်ဘောင်ပေါ်တွင် ၎င်းဖိ နပ်အား တွေ့ရှိခဲ့သည်။

အလောင်းမှာ ပြင်ပ ဒဏ်ရာ မရှိဘဲ ရေကန်အတွင်း သေဆုံးနေခြင်းဖြစ်၍နေပြည်တော် ကုတင် (၁၀၀၀) ဆေး ရုံသို့တင်ပို့ခဲ့သည်။

မနီလာမြင့်မှာ ၂-၁-၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် အလုပ် လုပ်ကိုင်နေရာမှပျောက်ဆုံးနေခြင်းဖြစ်ပြီး ဖြစ် စဉ်နှင့် ပတ်သက်၍ ဘုရားကုန်းရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၃ ဖြင့် ရေးဖွင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
Myanmar Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်