Thursday, February 14, 2013

ကာဂျစ်စတန်သမ္မတဟောင်း ရာထူးယူစဉ်ကာလအတွင်း အာဏာအလွဲသုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ်ချမှတ်ခံရ

Posted by drmyochit Thursday, February 14, 2013, under | No comments


လန်ဒန်၊ ဖေဖေါ်ဝါရီ ၁၃ ။

ကာဂျစ် စတန် သမ္မ တဟောင်း ကာမန် ဘက်ခ်ဘာ ကီယက်ဗ် သည် သမ္မတ ရာထူး ယူစဉ် ကာလ အတွင်း အာဏာ အလွဲ သုံးမှုဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ် ခံခဲ့ ရကြောင်း သိရသည်

ကာဂျစ် စတန် တရားရုံးသည် သမ္မတ၏ ညီအကိုတော် စပ်သူ ဇန်ယက်ရှ် ကိုလည်း နိုင်ငံတော် လုံခြုံရေး ဌာန အကြီး အကဲ အဖြစ် တာဝန် ယူစဉ် လူသတ် မှုနှင့် အခြား ပြစ်မှုများ အတွက် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ သည်။ ၎င်းတို့ နှစ်ဦးအား စွဲချက် များတွင် ၎င်းတို့ ညီ အကိုနှင့် အတူ ရာထူး မှပြုတ် ကျခဲ့သည့် ကာဂျစ် ထိပ်တန်း အာဏာ ပိုင်ဟောင်း မီဒတ်ဆတ်ဒယူယော့ကို သတ်ဖြတ် ခဲ့မှုလည်း ပါဝင် သည်။

ကာဂျစ် စတန် သမ္မတဟောင်း ဘာကီယက်ဗ် သည်ပြီး ခဲ့သည့် ၂၀၁၀ ၌ လူထု၏တော် လှန်မှုကြောင့် ရာထူး မှ ပြုတ်ကျကာ တိုင်းပြည်မှ ထွက်ပြေးပြီး ဘေလာရုစ်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခဲ့သည်။ 

ကာဂျစ် စတန်သည် တစ်ခါက ဆိုဗီ ယက်ပြည်ထောင် စုဟောင်းမှ ခွဲထွက် လာခဲ့သောနိုင် ငံများတွင် အတည်ငြိမ်ဆုံးနှင့် လစ်ဘရယ် အကျဆုံး တိုင်းပြည် အဖြစ် သတ်မှတ် ခံခဲ့ရသော်လည်း ၂၀၀၅ တွင် လူထု၏ ဖြုတ်ချ မှုကြောင့် သမ္မတ အက်စကာ အကာ ယက်ဗ့်ပြုတ် ကျကာ ဘာကီ ယက်ဗ်က အာဏာ ရလာခဲ့သည်။ 

သို့သော် ၎င်း သည်လည်း အာဏာ ရချိန်တွင် နိုင်ငံရေး အရရှေ့ မဆက်နိုင်ဘဲ တန့်နေမှုနှင့် အတိုက် အခံ ပါတီ များကို ဖိနှိပ်မှုတို့ကြောင့် ခြစားခြင်း၊ အာဏာရှင်ဆန်လာခြင်းတို့ဖြင့် အတိုက် အခံ များ၏ဝေ ဖန်မှု ခံခဲ့ ရသည်။ ထို့နောက် ၂၀၁၀ ဧပြီတွင် လူထုဆန္ဒပြမှုများမှုကို နှိမ်နှင်းရာတွင် လူပေါင်း ၈၀ သေဆုံးပြီး ရာနှင့် ချီ ဒဏ်ရာ ရခဲ့ရာမှ အုံကြွ မှုဖြစ်ပေါ် ကာနိုင်ငံမှ ထွက်ပြေးပြီး ဘေလာရုစ်တွင် ခိုလှုံခဲ့သည်။ 

၎င်းကို ဖမ်းဆီး မိပြီးနောက် ကာဂျစ် စတန် တရားရုံးက လူ အစု အပြုံ လိုက် သတ်ရန် စီစဉ်မှု၊ လက်နက် မပါသည့် ငြိမ်းချမ်း စွာ ဆန္ဒပြ သူများကို ပစ်ခတ်ရန် စစ်တပ်အား ခိုင်းစေခဲ့ မှုများဖြင့် တရား စွဲခဲ့ခြင်းဖြစ် သည်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်