Thursday, February 14, 2013

ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူးကို ကံကုန်းကျေးရွာသားများ တရားစွဲ

Posted by drmyochit Thursday, February 14, 2013, under | No comments


မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာသား လယ်သမား ၄၇ ဦးက ဦးပိုင်ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ကို မုံရွာခရိုင်တရားရုံးမှာ မနေ့က တရားစွဲ အမှုဖွင့် ခဲ့ပါတယ်။

အဲဒီလယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သူတို့ကုမ္ပဏီပိုင် မြေယာတွေအဖြစ် ပြုလုပ်ထားတာကြောင့် မိမိတို့ လက်ဝယ်ရှိတဲ့ မြေယာမှတ်ပုံတင်နံပါတ်တွေနဲ့ အထောက်အထားပြပြီး တရားစွဲတာဖြစ်တယ်လို့ မုံရွာခရိုင် တရားရုံးမှာ တရားစွဲဆိုခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကံကုန်းကျေးရွာသား ဦးမတ်စေ့က RFA ကို ပြောပါ တယ်။

“သူတို့က အရင်တရားစွဲထားတာ၊ ကျနော်တို့က အခုတစ်ခါ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ၄၊ ၅၊ ၆ လလောက်ရှိပြီဗျ၊ ကျနော်တို့လည်း တရားစွဲခံထားရတာ၊ ပိုင်နက်ကျူးလွန်မှုဆိုပြီးတော့ ဒီလယ်ယာတွေကို ဦးပိုင်က လျော်ကြေးပေးတယ်ဆိုပြီးတော့ မြေယာစွန့်လွှတ်ကြောင်း လက်မှတ်တွေထိုးပြီးတော့ သူတို့က ရောင်းနေကြလို့ ကျနော်တို့က ကျနော်တို့လက်ထဲမှာ ဒီမြေယာမှတ်ပုံတင် စာအုပ်တွေရှိတယ်၊ တစ်ကြိမ် တစ်ခါမှလည်း မြေယာစွန့်လွှတ်ကြောင်း လက်မှတ်လည်း မထိုးဘူး၊ အဲဒါတွေနဲ့ တရားစွဲဆိုထားတာပါ၊ သူတို့က ဒီလယ်ယာတွေကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ကျနော်တို့ တောင်သူတွေကို အခုလက်ရှိ လွတ် လပ်နေ ရာတဲ့ မြေယာတွေကို သူတို့က လုပ်စားပိုင်ခွင့်မပေးဘူးလေ၊ အခုလက်ရှိ မိုးကြိုး ဆာလဖျူရစ်အက်ဆစ် စက်ရုံမှူး ဦးခင်အောင်ရဲ့ နာမည်နဲ့သွားပြီးတော့ ကျနော်တို့ တရားစွဲတာပါ”

မုံရွာခရိုင်တရားရုံးမှာ သီးစားသက်သာခွင့် ဥပဒေပုဒ်မ (၄၂) အရ လက်လုပ်စိုက်ပျိုးမြေတွေကို စိုက်ပျိုး ပိုင်ခွင့် ရရှိကြောင်း ဖွင့်ဟကြေညာပေးဖို့ တရားစွဲဆိုတာဖြစ်ပါတယ်လို့ တောင်သူတွေကို အကူညီပေးတဲ့ ခရမ်းရောင် သာတူညီမျှ ဥပဒေအကျိုးဆောင်လုပ်ငန်းက ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက ဆိုပါတယ်။

ကံကုန်းကျေးရွာ တောင်သူတွေရဲ့ အမှုဖွင့်တာကို မုံရွာခရိုင် တရားသူကြီးက လက်ခံထားခဲ့ပြီး ၂၈ ရက်နေ့ မှာ အမှု ကိုကြားနာမယ်လို့ သိရပါတယ်။


RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်