Thursday, February 14, 2013

NATO လေကြောင်းတိုက်ခိုက်မှုအတွင်း အာဖဂန်အရပ်သား ၁၀ ဦးသေဆုံး

Posted by drmyochit Thursday, February 14, 2013, under | No comments


နိုင်ငံ အရှေ့ပိုင်း ဝေးလံသီခေါင်သော နေရာတစ်ခုတွင် NATO စစ်လေယာဉ်များက တာလီဘန် စစ်သွေးကြွများ ပုန်းခိုနေသည့် အခြေစိုက် စခန်းများကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အရပ်သားများပါ ထိခိုက် သေဆုံးခြင်းဟု သိရသည်။

NATO စစ်မဟာမိတ် အဖွဲ့၏ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အရပ်သား (၁၀)ဦး သေဆုံးသွားကြောင်း အာဖဂန် နစ္စတန်မှ ဒေသခံ အုပ်ချုပ်ရေး အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။
နိုင်ငံ အရှေ့ပိုင်း ဝေးလံသီခေါင်သော နေရာတစ်ခုတွင် NATO စစ်လေယာဉ်များက တာလီဘန် စစ်သွေးကြွများ ပုန်းခိုနေသည့် အခြေစိုက် စခန်းများကို ပစ်မှတ်ထား ဗုံးကြဲခဲ့ပြီး အရပ်သားများပါ ထိခိုက် သေဆုံးခြင်းဟု သိရသည်။ ကူနာခရိုင် အုပ်ချုပ်ရေး အရာရှိ ဆာယာ့ဒ် ဖာဇူလူလာ ဝါဟေဒီက အသေအပျောက် စာရင်းတွင် ကလေး(၅)ဦးနှင့် အမျိုးသမီး (၄)ဦး ပါဝင်ကြောင်း ပြောဆိုခဲ့သည်။

"ကလေး(၅)ယောက်၊ အမျိုးသမီး (၄)ယောက်၊ ပြီးတော့ အမျိုးသား (၁)ယောက်ရယ် ဒီဗုံးကြဲမှုထဲမှာ သေကုန်ကြတယ်"ဟု ဖာဇူလူလာက AFPသို့ ဖွင့်ဟခဲ့သည်။ NATOက ယခုစစ်ဆင်ရေးတွင် အရပ်သားများ သေဆုံးကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မိမိတို့ စစ်ဆေး စုံစမ်းသွားမည်ဟု ပြောကြားခဲ့သည်။ NATOတပ်ဖွဲ့၏ စစ်ဆင်ရေးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒေသခံ တာလီဘန် အကြမ်းဖက်ခေါင်းဆောင် ရှာပွားရ်နှင့် အခြား တာလီဘန် ခေါင်းဆောင် (၂)ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ 

လေတပ်က ပစ်ခတ်ခဲ့သော အဆောက်အအုံ တစ်ခု လုံးဝ ပြိုကျသွားပြီး ယင်းသည် တာလီဘန်တို့ ခိုအောင်းနေသည့် နေရာ (သို့မဟုတ်) အရပ်သား မိသားစုများ နေထိုင်ရာ နေရာ ဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးချေ။ NATOတို့၏ အာဖဂန်တွင် ပြုလုပ်နေသော လေကြောင်း ထိုးစစ်များအတွင်း အရပ်သားများ သေဆုံးမှုသည် အဓိက ပြဿနာတစ်ခု ဖြစ်နေသလို ယင်းကို အာဖဂန် သမ္မတ ဟာမစ် ကာဇိုင်းကလည်း မကြာခဏ ဝေဖန် ပြစ်တင်မှုများ ပြုလုပ်ခဲ့သည်။ 

Source: BangkokPost

From: Planet News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်