Thursday, February 14, 2013

လိုက်ဘေးရီးယား၌ လေယာဉ်ပျက်ကျမှုတွင် ဂီနီစစ်ဘက်ခေါင်းဆောင်နှင့် အရာရှိများသေဆုံး

Posted by drmyochit Thursday, February 14, 2013, under | No comments


လိုက်ဘေးရီးယားနိုင်ငံ မြို့တော် မွန်ရိုးဗီးယားအနီး ဖေဖော်ဝါရီ ၁၀ ရက်က လေယာဉ်တစ်စင်း ပျက်ကျ မှုတွင် ဂီနီစစ်ဘက် ခေါင်းဆောင်အပါအ၀င် အခြား ၁၀ ဦး သေဆုံးကြောင်း သိရသည်။ ဂီနီတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆောလီမာနီကလီဖာဒီယာလိုသည် လိုက်ဘေးရီးယားနိုင်ငံ နှစ်ပတ်လည် တပ်မတော်နေ့ ကို တက်ရောက်ဂုဏ်ပြုရန် ဂီနီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လိုက်ပါ လာခြင်းဖြစ် သည်။ 

အဆိုပါ လေယာဉ်သည် တောနက်ထူထပ်သော သစ်တောအတွင်းသို့ ထိုးဆင်းသွားခဲ့ပြီးနောက် လိုက်ပါ လာ သူ စစ်ဘက်ဆိုင်ရာ အရာရှိခြောက်ဦးနှင့် လေယာဉ်အမှုထမ်း ငါးဦးစလုံး အသက်ရှင်ကျန်ရစ်ခြင်း မရှိကြောင်း သိရသည် လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသေးကြောင်း လိုက်ဘေး ရီးယား ကာကွယ်ရေးဝန်ကြီး ဘရောင်နီဆာမူကီက ပြောကြားခဲ့သည်။ 

ယင်းလေယာဉ်သည် မွန်ရိုးဗီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး ချာလက်စ်ဗီလီတွင် ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း လိုက်ဘေးရီးယား ပြန်ကြားရေး ၀န်ကြီးဌာနက ပြောကြားသည်။ လေယာဉ်ပျက်ကျသည့် နေရာသို့ လိုက်ဘေးရီးယားသမ္မတ အီလန်ဂျွန်ဆန်သည် ဂီနီသံအမတ်နှင့်အတူ သွားရောက်ခဲ့ပြီး ၀မ်းနည်းကြေကွဲဖွယ် နေ့တစ်နေ့အဖြစ် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆိုသည်။ 


(ဘီဘီစီ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်